34 C
Yangon

မြန်မာဘက်အခြမ်းမှ တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံနယ်နမိတ်နှင့် ထိုင်းပြည်သူများကို ထိခိုက်မှု မမြင်လိုဘဲ စစ်ဘေးရှောင် ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီပေးရန် အသင့်ရှိနေဟု ထိုင်းဝန်ကြီးချုပ်ပြော

Must read

မြန်မာဘက်အခြမ်းမှ တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံနယ်နမိတ်နှင့် ထိုင်းပြည်သူများကို ထိခိုက်မှု မမြင်လိုဘဲ စစ်ဘေးရှောင် ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီပေးရန် အသင့်ရှိနေဟု ထိုင်းဝန်ကြီးချုပ်ပြော

အမှတ် ၂ တံတားပတ်ဝန်းကျင်ကို စစ်ကောင်စီ၏ တိုက်လေယာဉ်များက ဗုံးကျဲချ

ရန်ကုန်၊ ဧပြီ ၂၀

မြန်မာဘက်အခြမ်းမှ တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံနယ်နမိတ်နှင့် ထိုင်းပြည်သူများကို ထိခိုက်မည်ကို မမြင်လိုဘဲ စစ်ဘေးရှောင် ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီပေးရန် အသင့်ရှိနေကြောင်းထိုင်းဝန်ကြီးချုပ် Srettha Thavisinက လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။

ယနေ့ နံနက်ပိုင်း ထိုင်း-မြန်မာနယ်စပ် အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီးနောက် ထိုင်းဝန်ကြီးချုပ်က ထိုသို့ သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

“ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ နယ်မြေအတွင်း မြန်မာဘက်အခြမ်း တိုက်ပွဲတွေနဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေတယ်။ ဒီတိုက်ပွဲတွေကြောင့် ထိုင်းနယ်မြေ စိုးမိုးရေးကို ထိခိုက်မှုတွေ ရှိမှာကို မလိုလားပါဘူး။ ထိုင်းနိုင်ငံရဲ့ နယ်နိမိတ်နဲ့ ထိုင်းပြည်သူတွေရဲ့ လုံခြုံရေးကို ကာကွယ်ဖို့ အဆင်သင့်ရှိနေပါတယ်။ တစ်ချိန်တည်းမှာပဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလည်း လိုအပ်တာနဲ့ ချက်ချင်း ပေးဖို့ အသင့်ရှိနေပါတယ်” ဟု ထိုင်းဝန်ကြီးချုပ်က လူမှုကွန်ရက်မှ တစ်ဆင့် သတင်းထုတ်ပြန်ထားသည်။

လတ်တလော ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်အခြမ်း အမှတ် ၂ ချစ်ကြည် ရေးတံတားတွင် စစ်ကောင်စီတပ်က တိုက် လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှုများကို တောက်လျှောက်ဆိုသလို လုပ်ဆောင်နေရာ ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် (ထိုင်းစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် ) တိုက်လေယာဉ်ဖြင့် ဗုံး ၂ လုံးကျဲချသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ထိုင်းဝန်ကြီးချုပ်၏ ပုံနှင့် ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် စစ်တပ်၏ ဗုံးကျဲမှုကြောင့် ပေါက်ကွဲမှုဖြစ်ပေါ်နေသည့် မြင်ကွင်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မြန်မာဘက်အခြမ်း #ထိုင်းနိုင်ငံနယ်နမိတ်နှင့် ထိုင်းပြည်သူများ #လူသားချင်းစာနာမှု အကူအညီပေးရန် #ထိုင်းဝန်ကြီးချုပ်ပြော

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article