37 C
Yangon

ကော့ကရိတ်တွင် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး သက်နိုင်ဦး လက်နက်နှင့်တကွ အလင်းဝင်သဖြင့် မြန်မာငွေ သိန်း ၈၀ နှင့် ညီမျှသော ဘတ်ငွေ ၈ သောင်း ချီးမြှင့်

Must read

ကော့ကရိတ်တွင် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး သက်နိုင်ဦး လက်နက်နှင့်တကွ အလင်းဝင်သဖြင့် မြန်မာငွေ သိန်း ၈၀ နှင့် ညီမျှသော ဘတ်ငွေ ၈ သောင်း ချီးမြှင့်

ရန်ကုန်၊ ဧပြီ ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ် မဲသရောထ စခန်းသို့ ဝင်ရောက်မတိုက်ခိုက်မီ စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး သက်နိုင်ဦးသည် လက်နက်နှင့် တကွအလင်းဝင်ရောက်ခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးအဖွဲ့ – SOF ကပြောသည်။

မတ်လ ၁၅ ရက် နေ့က ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့အနီးရှိ အကြမ်းဖက် စစ်ကောင်စီ တပ် မဲသရောထ စခန်းမှ တပ်ကြပ်ကြီး သက်နိုင်ဦးသည် ၎င်းကိုင်ဆောင်သော MA4 ပူးတွဲ သေနတ် ၁ လက်၊ ၄၀ မမ ဗုံးသီး ၁၀ လုံး၊ ၅.၅၆ ကျည် အတောင့် ၂၀၀ တို့ ဖြင့် KNLA နှင့် SOF တော်လှန်ရေး ပူးပေါင်းအဖွဲ့ထံသို့ လက်နက်ချ အလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ လက်နက်နှင့်တကွ အလင်းဝင်ရောက်ခဲ့သူ တပ်ကြပ်ကြီးသက်နိုင်ဦးကို မြန်မာငွေကျပ် သိန်း ၈၀ နှင့်ညီမျှသော ဆုကြေးငွေ ဘတ် ၈၀၀၀၀ ချီးမြှင့်ခဲ့ကြောင်း၊ ထို့ပြင် တပ်ကြပ်ကြီး သက်နိုင်ဦး၏ ဘဝရှေ့ရေး အဆင်ပြေစေရန် နေထိုင်ရေး၊ အလုပ်အကိုင် ရရှိရေးနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆက်လက်ဆောက်ရွက်ပေး လျက်ရှိကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသ၊ အထူးစစ်ဆင်ရေးအဖွဲ့ – SOF က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သားများအနေဖြင့် မည်သူမဆို SOF ထံသို့ ဆက်သွယ်၍ လာရောက်ပူးပေါင်းပါက ထိုက်ထိုက်တန်တန် ဆုကြေးငွေများချီးမြှင့်ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း အသိပေးထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article