35 C
Yangon

ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်အခြေအနေများကို စုံစမ်းစစ်ဆေးရန် ထိုင်းဝန်ကြီးချုပ် မဲဆောက်လာမည်

Must read

ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်အခြေအနေများကို စုံစမ်းစစ်ဆေးရန် ထိုင်းဝန်ကြီးချုပ် မဲဆောက်လာမည်

ရန်ကုန်၊ ဧပြီ ၂၁

ကရင်ပြည်နယ်၊မြ၀တီမြို့နယ်တွင်ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ထိုင်း-မြန်မာနယ်စပ် အခြေအနေများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် ထိုင်းဝန်ကြီးချုပ် Settha Thawisin သည် မဲဆောက်မြို့သို့ လာရောက်မည်ဖြစ်ကြောင်း ထိုင်းသတင်းမီဒီယာများက သတင်းဖော်ပြသည်။

ထိုင်းကာကွယ်ရေးဝန်ကြီး Mr. Sutin Khlangsaeng က ထိုင်းဝန်ကြီးချုပ်သည် ဧပြီလ ၂၃ ရက်နေ့တွင် မဲဆောက်သို့ လာရောက်ပြီး ထိုင်းစစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အားပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် ထိုင်း-မြန်မာနယ်စပ်အခြေအနေများကိုလည်း လေ့လာစစ်ဆေးမည်ဖြစ်ကြောင်း The Reporters က သတင်းဖော်ပြသည်။

လက်ရှိတွင် တိုက်ပွဲများကြောင့် မြန်မာဘက်မှ ဒုက္ခသည် ၃၀၀၀ ကျော်ဝင်ရောက်လာပြီး ယင်းဒုက္ခသည်များကို ထိုင်းအစိုးရက နေရာချထားပေးကာ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်နေကြောင်း၊ မဲဆောက်ဆေးရုံတွင် ဒဏ်ရာရ ပြည်သူများကို ကုသမှုများ ပေးလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article