30.5 C
Yangon

မြ၀တီမြို့၊ အမှတ် ၂ တံတား ဝန်းကျင်ကို ယနေ့ နံနက်အစောပိုင်း စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးများ ကျဲချ၊ စစ်တပ်၏ ပစ်ခတ်ဗုံးကျဲမှုများကြောင့် အရပ်သားပြည်သူ ၁၀ ဦးထက်မနည်းသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၂

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ အမှတ် ၂ တံတားဝန်းကျင်ကို ယနေ့ နံနက် အစောပိုင်းတွင် စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးများကျဲချသွားကြောင်း ဒေသပြည်သူများနှင့် စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၂ ရက်နေ့ နံနက် ၀၀ နာရီ ၂၅ မိနစ်အချိန်တွင်လည်းကောင်း၊ နံနက် ၀၀ နာရီ ၄၀ မိနစ်အချိန်တွင်လည်းကောင်း တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၆ လုံးဝန်းကျင်ကို ကျဲချသွားခဲ့ကြောင်း ၊ မြ၀တီတစ်မြို့လုံး ဗုံးပေါက်ကွဲမှုကြောင့် တုန်ခါသွားကြောင်း သိရှိရသည်။

“ဒီမနက်အစောကို တိုက်လေယာဉ်နဲ့ ဗုံးလာကျဲတာ။ နံနက် ၁၂ နာရီ ၂၅ မိနစ်မှာ ဗုံး ၃ လုံး။ နောက်တစ်ခါ နံနက် ၁၂ နာရီ ၄၀ မိနစ်မှာ ဗုံး ၃ လုံး စုစုပေါင်း ဗုံး ၆ လုံး ကျဲတာ။ အမှတ် ၂ တံတားဘက်အခြမ်းပဲ။ ပျက်စီးမှု မသိရသေးပေမယ့် ဗုံးပေါက်ကွဲမှုက အတော်ပြင်းထန်တယ်။ မြို့နားမှာ ကပ်ကျဲတာဆိုတော့ အိမ်တွေပါ တုန်ခါသွားတာ။ သေနတ်သံတွေလည်း ဆက်တိုက်ကြားရတယ်” ဟု မြ၀တီမြို့အခြေစိုက် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

မြ၀တီမြို့တွင် စစ်ကောင်စီက ယင်းသို့ လေယာဉ်ဖြင့် ဗုံးကျဲခြင်းနှင့် ပစ်ခတ်ခြင်းများကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများစွာ ဖြစ်ပေါ်နေပြီး လက်ရှိအချိန်အထိ အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြ၀တီမြို့အခြေစိုက် စစ်ဘေးရှောင် ကူညီရေး လုပ်ဆောင်နေသူတစ်ဦးက ပြောဆိုသည်။

“ကိုကျော်စွာရဲ့ သမီးနဲ့ ချွေးမနဲ့အတူ အသက် ၁၄ နှစ်အရွယ် မောင်မျိုးထက်အောင်ဆိုတဲ့ ကလေးပါ ဆုံးတယ်။ အဲဒီမှာတင် သေဆုံး ၃ ဦး။ နောက်တစ်ခါ အမှတ် ၅ ရပ်ကွက်နဲ့ စိုက်ဇုန်ဘက်တွေမှာ လက်နက်ကြီးကျလို့ သေတာ၊ ကျည်ထိ သေဆုံးတာတွေလည်းရှိတယ်။ ပရဟိတအဖွဲ့တွေဆီက သိရတာက သေဆုံး ၈ ဦးလောက်ရှိတယ်။ အနည်းဆုံးတော့ ၁၀ ဦးအထက်ပဲ။ ဒဏ်ရာရတာလည်း များတယ်။ မဲဆောက်ဆေးရုံကြီးမှာ မြ၀တီဘက်က လူနာတွေ အတော်များတယ်” ဟု စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မြ၀တီမြို့၊ အမှတ် ၂ တံတာ#စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးများ ကျဲချ၊

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article