25 C
Yangon

ကလေးမြို့နယ်နှင့် ချင်းပြည်နယ်ရှိ ကျေးရွာများကို စစ်တပ်နှင့်ပျူစောထီးများက မီးရှို့ပြီး ဒရုန်းဖြင့် ဗုံးကျဲမှု ပြည်သူတချို့ ထိခိုက်ဒဏ်ရာရ

Must read

နေအိမ် ၆၀၀ ကျော် မီးလောင်ပြာကျသွားပြီး ပြည်သူ ၃၀၀၀၀ ကျော် ထွက် ပြေးနေရ

ရန်ကုန်၊ ဧပြီ ၂၂

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်နှင့်ပျူစောထိးများက မီးရှို့ပြီး ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသဖြင့် ပြည်သူတချို့ထိခိုက်မှုများရှိနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၁ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်မှစတင်ပြီး ကလေးမြို့နယ်၊ ယောက်ချိုကွင်းကျေးရွာတွင် တပ်စွဲထားသော စစ်တပ်နှင့် ပျူစောထီးများက ကလေးမြို့နယ်၊ ပြည်တော်သာ ကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူများ ထိခိုက်ရာရရှိကြောင်း ၊ ယင်းနောက် ချင်းပြည်နယ် ၊ မိုင်နွဲကျေးရွာကို ဆက်လက် စစ်ကြောင်းထိုးခဲ့ပြီး ယင်းကျေးရွာမှ နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

“ချင်းပြည်နယ်၊ မိုင်နွဲကျေးရွာကို ဒရုန်းတွေနဲ့ဗုံးအရင်ကျဲပြီး စစ်ကြောင်းထိုးဝင်တယ်။ ရွာထဲဝင်ဝင်ချင်း အိမ်တွေကို မီးစရှို့တော့တာပဲ။ ဒရုန်းနှင့်ချတဲ့ ဗုံးသီးတွေလည်း မီးလောင်ဗုံးသီးတွေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်စစ်ကြောင်းက ဧပြီလ ၅ ရက်နေ့မှစတင်ပြီး ကလေးမြို့အနောက်မြောက်ပိုင်း ဆည်ကြီးရွာကို စတင်စစ်ကြောင်းထိုး မီးရှို့မှုများ လုပ် ဆောင်ကြောင်း၊ ဧပြီလ ၅ ရက်နေ့မှ ယနေ့ ဧပြီလ ၂၂ ရက်နေ့အထိ ကလေးမြို့နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ ကျေးရွာ ၃ ခုထက်မနည်းကို စစ်တပ်က မီးတင်ရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်တပ်၏ မီးရှို့မှုကြောင့် နေအိမ် ၆၀၀ ထက်မနည်းမီးလောင်ပျက်စီးသွားခဲ့ကာ ပြည်သူ ၃၀၀၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ကလေးမြို့နယ်နှင့် ချင်းပြည်နယ် #စစ်တပ်နှင့်ပျူစောထီး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article