25 C
Yangon

လွိုင်ကော်၊ ကုန်းသာရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲခြင်းကြောင့် ကလေးငယ် ၂ ဦး အပါအဝင် မိသားစု ၆ ဦးလုံး သေဆုံးမှု စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် ခြင်းဖြစ်ဟု NUG အစိုးရ လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာန ထုတ်ပြန်

Must read

လွိုင်ကော်၊ ကုန်းသာရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲခြင်းကြောင့် ကလေးငယ် ၂ ဦး အပါအဝင် မိသားစု ၆ ဦးလုံး သေဆုံးမှု စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် ခြင်းဖြစ်ဟု NUG အစိုးရ လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာန ထုတ်ပြန်

■ စစ်တပ်က ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၂၀ ဦးခန့် ပြင်းထန်ဒဏ်ရာရပြီး နေအိမ် ၂၀ လုံး ပျက်စီး

ရန်ကုန်၊ ဧပြီ ၂၂

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲခြင်းကြောင့် ကလေးငယ် ၂ ဦး အပါအဝင် မိသားစု ၆ ဦးလုံး သေဆုံးမှု စစ်ရာဇဝတ်မှု ပြောင်ပြောင်တင်းတင်း ချိုးဖောက် ခြင်းဖြစ်ဟု NUG အစိုးရ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဧပြီလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်ခန့်တွင် ကုန်းသာကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ Su-30 လေယာဉ် ၁ စီးဖြင့် ပေါင် ၃၀၀ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး အပါအဝင် မိသားစု ၆ ဦးသေဆုံးခဲ့ပြီး ပြည်သူ ၂၀ ဝန်းကျင်ခန့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ် အလုံး ၂၀ ၊ ကား ၁ စီးနှင့် ဆိုင်ကယ် ၁ စီး ထိခိုက် ပျက်စီး ဆုံးရှုံးခဲ့ပြီး ကုန်းသာရွာသည် ပြည်သူ ၇၀၀ ကျော် နေထိုင်သည့် ကျေးရွာဖြစ်ကာ အကြမ်းဖက် စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းချိုးဖောက် ကျူးလွန်ခြင်းဖြစ်ကြောင့် လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှု ရရှိရေးစသည့် ဦးတည်ချက်များကို ခိုင်ခိုင်မာမာ လက်ကိုင်ထားပြီး အကြမ်း ဖက်စစ်တပ် ကျူးလွန်မှုများကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန် တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article