25 C
Yangon

မြ၀တီသို့ စစ်ကူလာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး သံချပ်ကာ ၁ စီး၊ စစ်သုံး ယာဉ် ၂ စီးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

မြ၀တီသို့ စစ်ကူလာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး သံချပ်ကာ ၁ စီး၊ စစ်သုံး ယာဉ် ၂ စီးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

■မြ၀တီ အမှတ် ၂ တံတားတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃၀ ဦးသေဆုံးပြီး တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးကြီး စိုးမင်းထက် အပါအဝင် စစ်သာ ၃၀ ဦးဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၂၂

ကရင်ပြည်နယ်၊ မြ၀တီသို့ စစ်ကူလာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး သံချပ်ကာ ၁ စီး၊ စစ်သုံး ယာဉ် ၂ စီးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဧပြီလ ၂၁ ရက်နေ့ ကော့ကရိတ်မှ မြဝတီမြို့သို့ စစ်ကူအဖြင့် ထိုးစစ်ဆင်လာသော အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်များအား ကြားဖြတ်တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၁ ဦး နှင့် ဗိုလ်လေး ၁ ဦး အပါအဝင် စုစုပေါင်း စစ်သား ၆ ဦး သေဆုံးခဲ့ကြောင်း၊ သံချပ်ကာယာဥ် ၁ စီး၊ စက်သေနပ်တပ်ဆင်ထားသော စစ်သုံးယာဥ် ၂ စီး၊ ပွိုင့်ဖွိုက် ၁ လက် အပါအဝင် လက်နက်ငယ် ၁၁ လက် နှင့် ခဲယမ်းမျိုးစုံ သိမ်းဆည်း ရမိခဲ့ကြောင်း KNU က ထုတ်ပြန်သည်။

အလားတူ ဧပြီလ ၂၀ ရက်နေ့တွင် မြဝတီ ထိုင်း−မြန်မာချစ်ကြည်ရေး တံတား အမှတ် ၂ အောက်သို့ ထွက်ပြေးတိမ်းရှောင် ခိုအောင်းနေသော ခလရ-၂၇၅ မှ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်များကို KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၃၀ ဦးအထက် သေဆုံးခဲ့ကြောင်း၊ တပ်မ ၄၄ ၏ တပ်မမှူး ဗိုလ်မှူးကြီး စိုးမင်းထက်အပါအဝင် စစ်သား ၃၀ ဦး နှင့်အထက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့အား ပြန်လည်ရရှိရန် “အောင်ဇေယျ” အမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်အားဖော်ဆောင်၍ လူအင်အား၊ လက်နက်အင်အား အပြည့်အစုံဖြင့် ထိုးစစ်ဆင် ချီတက်လျှက်ရှိနေပြီး လက်နက်ကြီး ပစ်ကူဖြင့် သော်လည်းကောင်း၊ လေယာဥ်ပစ်ကူဖြင့် သော်လည်းကောင်း နေ့ညမပြတ် လိုက်လံဗုံးကျဲ ပစ်ခတ်လျက်ရှိနေကြောင်း KNU က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article