30 C
Yangon

မတ္တရာမြို့ပေါ်တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသော မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးသက်နိုင်စိုး ပစ်ခတ် ခံရပြီး သေဆုံး

Must read

မတ္တရာမြို့ပေါ်တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသော မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးသက်နိုင်စိုး ပစ်ခတ် ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၄

မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်တွင် လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးသက်နိုင်စိုး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၂၄ ရက် နံနက်ပိုင်း မတ္တရာမြို့ပေါ် လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် အကြမ်းဖက် စစ်ကောင်စီ၏ မတ္တရာမြို့နယ်၊ မြို့နယ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးသက်နိုင်စိုး ထိုင်နေစဉ် သေနတ်သမားတချို့က ဝင်ရောက်ပစ်ခတ်သွားရာ သေဆုံးသွားကြောင်း၊ ဗိုလ်မှူးသက်နိုင်စိုးပစ်ခတ်ခံရပြီး နောက် အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးတင်းတင်းကျပ်ကျပ်စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

“သူက အတော်ဆိုးသွမ်းပြီး ရက်စက်သူလို့ နာမည်ကြီးနေတဲ့သူပါ။ မတ္တရာမြို့နယ်သားတစ်ဦးပဲ။ မတ္တရာကို ပြန်ပြီးတာဝန်ကျတာ ၄ လလောက်ပဲရှိသေးတယ်။ သူရောက်ပြီးမှ ရွာတွေမီးရှို့တာ၊ လက် နက်ကြီးနဲ့ထုတာတွေ ပိုများလာတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

သေဆုံးသူ ဗိုလ်မှူး သက်နိုင်စိုးသည် DSA အပတ်စဉ် ၄၆ ကျောင်းဆင်းတစ်ဦးဖြစ်ပြီး မတ္တရာမြို့နယ် အတွင်းသို့ တာဝန်ပေးခံရကာ ရောက်ရှိလာပြီးနောက် မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးကာ လှည့်လည်မီးရှို့ခြင်း၊ လက်နက် ကြီးများဖြင့် ကျေးရွာများကို ပစ်ခတ်ခြင်း၊ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်းတို့ကြောင့် အပြစ်မဲ့ပြည်သူ ၂၀ ခန့်သေဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- မတ္တရာမြို့နယ်အုပ်ချုပ်ရေးကောင်စီ၏ အစည်းအဝေးတက်ရောက်နေသည့် ဗိုလ်မှူးသက်နိုင်စိုး(မင်နီဖြင့် ၀ိုင်းထားသူ)။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article