38 C
Yangon

ထီးလင်းမြို့နယ်၊ ရေမျက်နီ ရဲစခန်းနှင့် ရွှေအောင်သာရွာ၌ တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၇

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီ ရဲစခန်းနှင့် ရွှေအောင်သာရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း YRA ထီးလင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၂၅ ရက် နံနက် ၉ နာရီ မိနစ် ၃၀ အချိန်ခန့်က ထီးလင်းမြို့နယ်၊ ရွှေအောင်သာရွာ၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက်စစ်တပ် စခန်းကို Fixed Wing ဒရုန်းဖြင့် ၆၀ မမ ဗုံးသီး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ဂိုထောင်အဖြစ် အသုံးပြုနေ နေအိမ်တစ်လုံး မီးလောင်ခဲ့ပြီး အစောင့် စစ်သား ၂ ဦး သေဆုံးကာ ၇ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရွှေအောင်သာ ရွာထဲမှာက ပြည်သူတွေ တစ်ယောက်မှ မရှိတော့ဘူး။ အဲဒီမှာတော့ ၂ ကောင်သေ တယ်။ ဒဏ်ရာရတာတော့များတယ်။ သူတို့ ပစ္စည်းဂိုဒေါင်သဘောမျိုး သုံးနေတဲ့ အိမ်ပေါ်ကို တစ်လုံး ကျတာ၊ အဲဒီအိမ်ကို မီးလောင်တယ်။ အထဲမှာ ထားတဲ့ ပစ္စည်းတွေ ထပြီးပေါက်ကွဲတာမျိုးလည်းရှိ တယ်။” ဟု YRA ထီးလင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ဧပြီလ ၂၆ ရက် နံနက် ၇ နာရီခန့်တွင် ထီးလင်းမြို့နယ်၊ ရေမျက်နီနယ်မြေရဲစခန်းကို Fixed Wings ဒရုန်းဖြင့် ၆၀ မမ ဗုံသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် ညနေ ၅ နာရီ အချိန်တွင် Fixed Wing ဒရုန်းဖြင့် ၆၀ မမ ဗုံးသီး ၂ လုံး ထပ်မံကျဲချတိုက်ခိုက်ခဲ့ရာ ဘန်ကာဆီ ထပြေးသော အကြမ်းဖက်စစ်သားများကို အနီးကပ်အသင့်စောင့်နေသော တော်လှန်ရေးတပ်ဖွဲ့ ဝင်များက ၄၀ မမ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်း ဖက်စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ YRA ထီးလင်းရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article