29 C
Yangon

ညောင်လေးပင်ခရိုင်နှင့် သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၇ ဦးတို့ ဒဏ်ရာရပြီး နေအိမ် ၈ လုံးပျက်စီး၊ စစ်တပ်က ပြည်သူ ၃ ဦးကိုလည်း အကြောင်းမဲ့ ဖမ်းဆီး

Must read

ညောင်လေးပင်ခရိုင်နှင့် သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၇ ဦးတို့ ဒဏ်ရာရပြီး နေအိမ် ၈ လုံးပျက်စီး၊ စစ်တပ်က ပြည်သူ ၃ ဦးကိုလည်း အကြောင်းမဲ့ ဖမ်းဆီး

ရန်ကုန်၊ဧပြီ ၂၇

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်နှင့် မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၇ ဦးတို့ ဒဏ်ရာရပြီး နေအိမ် ၈ လုံးပျက်စီး၊ စစ်တပ်က ပြည်သူ ၃ ဦးကိုလည်း အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဧပြီလ ၂၆ ရက်နေ့ နံနက် ၉ နာရီ ၅၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ−၃၀၇ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၃ လုံးအား လှေဒုံးကျေးရွာအတွင်း ပစ်ခတ်ခဲ့ရာ ဦးဝင်းခိုင် ၄၇ နှစ် နှင့် ဦးနိုင်စိုး ၄၇ နှစ် တို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ဖြူးမြို့ အတွင်း ဈေးသွားဝယ်သော ကိုထူးအောင်လင်း (ခ) အညာသားလေး ၃၅ နှစ်၊ မြင်သာယာရွာသား နော်ကဒဲ ၃၆ နှစ် နှင့် မရမ်းစိမ်ကြီးရွာသား နော်ဂျူး ၂၂ နှစ် တို့ကို ညောင်ပင်သာ ရဲစခန်းအနီးတွင် အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

အလားတူ သထုံမြို့နယ်၊ ရွှေရောင်ပြကျေးနယ်ရှိ ကျေးရွာများထဲကို ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၄ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမတ-၃၁၄ တပ် နှင့် ခမရ-၉ တပ်စခန်းတို့မှ လက်နက်ကြီး ၇ လုံး ပစ်ခတ်ခဲ့ရာ မရမ်းကုန်းကျေးရွာအတွင်း လက်နက်ကြီး ၂ လုံး ရွာအနီးနား ၅ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာနေပြည်သူ စောမိုးသူနှင့် မောင်သိန်းမြင့် တို့ ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် ၈ လုံးပျက်စီးကာ ရော်ဘာခြံ ၁ ခြံ မီးလောင် ပျက်စီးခဲ့ကြောင်းသိရှိရသည်။

ထို့ပြင် ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူများ နေထိုင်ရာ ကျေးရွာများအတွင်း လက်နက်ကြီး ၅ လုံး ထပ်မံ ပစ်ခတ်ခဲ့ပြီး ပျင်မပင်ရွာထဲတွင် ၂ လုံး၊ အုန်းချစ်ကုန်းကျေးရွာတွင် ၂ လုံး နှင့် ဝဲတူးကျေးရွာတွင် ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ရာ အုန်းချစ်ကုန်း ကျေးရွာနေ နော်ဆာဝါးဝါးထူး ၂၆ နှစ်နှင့် နော်လေးမြ ၃၈ နှစ်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ−၄၃၉ တပ်ရင်းက လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ ဂွေးကုန်းကျေးရွာ အတွင်း ကျရောက်ပေါက်ကွဲပြီး ဂွေးကုန်းရွာသား ဦးဝင်းခိုင် ၄၆ နှစ် လက်နက်ကြီး ကျည်စ ထိမှန် ဒဏ်ရာ ရရှိ ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article