27 C
Yangon

နယူးယောက်မြို့လယ်ခေါင်တွင် မြန်မာ အကြမ်းဖက် စစ်ကောင်စီ​၏ တရားမဝင် စစ်မှုထမ်းဥပဒေ ဆန့်ကျင် ရှုတ်ချပွဲ ပြုလုပ်

Must read

နယူးယောက်မြို့လယ်ခေါင်တွင် မြန်မာ အကြမ်းဖက် စစ်ကောင်စီ​၏ တရားမဝင် စစ်မှုထမ်းဥပဒေ ဆန့်ကျင် ရှုတ်ချပွဲ ပြုလုပ်

ရန်ကုန်၊ ဧပြီ ၂၈

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့လယ်ခေါင်တွင် မြန်မာ အကြမ်း ဖက် စစ်ကောင်စီ​၏ တရားမဝင် စစ်မှုထမ်းဥပဒေ ဆန့်ကျင် ရှုတ်ချပွဲကို ယနေ့ ကျင်းပ ပြုလုပ်သည်။

အမေရိကန်ပြည်ထောင်စု နယူးယောက်စီးတီးရှိ Time Square ရင်ပြင်တွင် စစ်ကောင်စီ​၏ တရားမဝင် စစ်မှုထမ်းဥပဒေ ဆန့်ကျင်ရှုတ်ချပွဲကို အမေရိကန်စံတော်ချိန် ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲ ၃နာရီမှ ညနေ ၅ နာရီအထိ( မြန်မာစံတော်ချိန် ဧပြီလ ၂၈ ရက်နေ့ နံနက်အစောပိုင်း) ကျင်းပခဲ့ခြင်းဖြစ်သည်။

မြန်မာအကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင် စစ်မှုထမ်းဥပဒေ​၏ ယုတ်မာကောက်ကျစ်မှုများကို NYCBC အဖွဲ့မှ တာဝန်ရှိသူများက ရှင်လင်းတင်ပြပြီး တက်ရောက်လာသော ပြည်သူလူထုနဲ့အတူ ကန့်ကွက် ရှုတ်ချခဲ့ကြကြောင်း၊ အဆိုတော် ကိုကျော်သီဟနှင့် ကိုဝင်းနိုင်စိုးတို့မှလည်း တော်လှန်ရေး သီချင်းများဖြင့်ဖြေဖျော်တင်ဆက်ခဲ့ကြကြောင်း၊ ထို့နောက် စစ်မှုထမ်းဥပဒေ​၏ ယုတ်မာမှုများကို Performance ဖြင့်တင်ဆက်ခဲ့ကြကြောင်း သိရှိရသည်။

အမေရိကန်ရောက် ၈၈ မျိုးဆက်ကျောင်းသားဟောင်း ကိုအောင်ကျော်မြင့်က မတရားသော တရားမဝင်စစ်မှုထမ်းဥပဒေ အကြောင်းကိုကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းတင်ပြခဲ့ပြီး ယင်းဆန္ဒပြပွဲသို့ အမေရိကန်ရောက် မြန်မာပြည်ဖွားတိုင်ရင်းသား ၃၀၀ နီးပါးတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

Photo by KyawSoe Latt, Htoo Nyi, Khun Phyo

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article