35 C
Yangon

စစ်မှုထမ်းဟောင်းများအားလုံး အသက် ၆၇ နှစ်မကျော်လျှင် စစ်မှုပြန်ထမ်းရမည်ဖြစ်ပြီး အသက် ၅၅ နှစ်အောက်ဆိုလျှင် စစ်ဆင်ရေးတာဝန်၊ အသက် ၅၅ နှင့် ၆၇ နှစ်အကြားဆိုလျှင် လုံခြုံရေးတာဝန်ထမ်းဆောင်ရမည်ဟု စစ်ကောင်စီက လျှို့ဝှက် ညွှန်ကြား

Must read

စစ်မှုထမ်းဟောင်းများအားလုံး အသက် ၆၇ နှစ်မကျော်လျှင် စစ်မှုပြန်ထမ်းရမည်ဖြစ်ပြီး အသက် ၅၅ နှစ်အောက်ဆိုလျှင် စစ်ဆင်ရေးတာဝန်၊ အသက် ၅၅ နှင့် ၆၇ နှစ်အကြားဆိုလျှင် လုံခြုံရေးတာဝန်ထမ်းဆောင်ရမည်ဟု စစ်ကောင်စီက လျှို့ဝှက် ညွှန်ကြား

ရန်ကုန်၊ ဧပြီ ၂၈

အကြမ်းဖက်စစ်ကောင်စီက အသက် ၆၇ နှစ်မကျော်သေးသော စစ်မှုထမ်းအားလုံး စစ်မှုပြန်ထမ်းရမည်ဟု အမိန့်ညွှန် ကြားချက်ကို လျှို့ဝှက်ထုတ်ပြန်ထားကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်တွင် မိမိဆန္ဒအလျောက်သော်လည်းကောင်း၊ အငြိမ်းစား ပင်စင်ရ၍ သော်လည်းကောင်း နုတ်ထွက်ထားသူများသည် အသက် ၆၇ နှစ်အထိ မကျော်လွန်လျှင် စစ်မှုပြန်ထမ်းရမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်းများအားလုံး အသက် ၆၇ နှစ် မကျော်လွန်လျှင် စစ်မှုထမ်းရမည့် အမိန့်စာကို စစ်ကောင်စီက ဧပြီလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

“မနေချင်လို့ ထွက်လာရသူတွေကို အတင်း ဥပဒေထုတ်ပြီး ဆင့်ခေါ်ခြင်းဖြစ်ပါတယ်။အရင် က လူသစ်စု ဥပဒေ အရ လူ ငယ် တွေသာ ထွက်ပြေးကြရတာ။ အခုတော့ သူတို့အလှည့်ပေါ့။ လက်ရှိခံစားခွင့် ကို အရှုံးခံပြီး ပြေးလိမ့်မယ်ဗျ”ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စစ်မှုထမ်းဟောင်းများအနေဖြင့် စစ်တပ်တွင် အနည်းဆုံး အချိန်ပြည့် ၃ နှစ်မှ ၅ နှစ်အထိ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး ၅ နှစ်အထက် ပို၍ တာဝန်ပေးအပ်ရန် လိုအပ်ပါက စစ်တပ် ဦးစီးချုပ်၏ ခွင့်ပြုချက်ဖြင့် အမိန့်ထုတ်ပြန် ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။

စစ်မှုထမ်းဆောင်ရမည့် စစ်မှုထမ်းဟောင်းများအနေဖြင့် အသက် ၅၅ နှစ်အောက်ဆိုလျှင် လှုပ်ရှားစစ်ဆင်ရေးတာဝန် ထမ်းဆောင်ရမည်ဖြစ်ပြီး အသက် ၅၅ နှစ်မှ အသက် ၆၇ နှစ်အကြား ဆိုလျှင် တပ်မတော်ဌာနချုပ်များ၊ စစ်ဆင်ရေးခြေကုပ်စခန်းများနှင့် နေရာလုံခြုံရေးတာဝန်များ ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

“တစ်ခု ထူးဆန်းတာက အာဏာမသိမ်းခင်ထိ အသက် ၅၀ ဆို စစ်ဆင်ရေး တာ၀န် မလိုက်ခိုင်းပါဘူး။ အသက် ၅၅ ဆို အခြေချမယ့်မြို့ရှိတဲ့ တပ်မှာ ပြောင်းခိုင်းတာဗျ။ အခုက အသက် ၆၇ နှစ်အထိ စစ်မှုထမ်းရမယ်ဆိုတော့ စစ်တပ်ထဲ ၀င်မိသူမှန်သမျှ အရှင်ထွက်ထွက်ခွင့်မပေးလိုတဲ့ သဘောဗျ”ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ထို့ပြင် စစ်မှုထမ်းရန် ဆင့်ခေါ်သည့် အကြောင်းကြားစာရပြီး သတင်းမပို့သော စစ်မှုထမ်းဟောင်းများ၏ အငြိမ်းစား အကျိုးခံစားခွင့်များကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ ဥပေဒသည် ၎င်းတို့၏ ပါးစပ်မှ လာသည်ဖြစ်၍ ယခု ဥပဒေသည် ပြည်သူ့စစ်ဥပဒေ အရ စစ်မှုထမ်းနေရသည့် လူငယ်များအတွက် အကျုံးဝင်လာနိုင်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article