30 C
Yangon

ယင်းမာပင်နှင့် ဆားလင်းကြီး မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၆ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရ

Must read

ယင်းမာပင်နှင့် ဆားလင်းကြီး မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၆ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရ

ရန်ကုန်၊ ဧပြီ ၂၈

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီး မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ထိုးတာနေ၍ ကျေးရွာ ၆ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရကြောင်း ပြည်သူမှ ပြည်သူသို့ ပရဟိအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

ဧပြီလ ၂၃ ရက်နေ့ က စတင်ကာ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေသောကြောင့် ယင်းမာပင်မြို့နယ်ရှိ ကျေးစာကျရွာ၊ ပေကုန်းရွာ၊ ထန်းတောကြီးရွာနှင့် ဆားလင်းကြီးမြို့နယ်ရှိ ရွာသာရွာ၊ ဂုဏ်တောရွာ၊ ဒုန်းတောရွာ တို့မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ဧပြီလ ၂၃ ရက်နေ့ကစပြီး ၆ရက်မြောက်ရှိပြီး အကြမ်ဖက် စစ်တပ်က စစ်ကြောင်းထိုးနေတာ ဒေသပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်”ဟု ပြည်သူမှ ပြည်သူသို့ပရဟိ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

လက်ရှိအချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆားလင်းကြီးမြို့နယ်ရှိ ဂုဏ်တောရွာ၊ ဒုန်းတောရွာနှင့် ယင်းမာပင်မြို့နယ်ရှိ ကျေးစာကျရွာတို့၌ တပ်စွဲထားပြီး စစ်ဘေးရှောင် ပြည်သူများလည်း စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article