30 C
Yangon

စဉ့်ကိုင်မြို့နယ်တွင် စစ်သားသစ် စုဆောင်းနေသော လက်နက်ကိုင် ကြံ့ဖွတ်ပါတီ ရပ်ကျေးကော်မတီဝင် အောင်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး၊ ကျိုက်ထိုမြို့တွင် ပစ်ခတ်ခံရသည့် စစ်သားဟောင်း ကျော်ကျော် ၁ ရက်အကြာတွင် သေဆုံး

Must read

စဉ့်ကိုင်မြို့နယ်တွင် စစ်သားသစ် စုဆောင်းနေသော လက်နက်ကိုင် ကြံ့ဖွတ်ပါတီ ရပ်ကျေးကော်မတီဝင် အောင်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး၊ ကျိုက်ထိုမြို့တွင် ပစ်ခတ်ခံရသည့် စစ်သားဟောင်း ကျော်ကျော် ၁ ရက်အကြာတွင် သေဆုံး

ရန်ကုန်၊ ဧပြီ ၂၈

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်တွင် စစ်သားသစ် စုဆောင်းနေသော လက်နက်ကိုင် ကြံ့ဖွတ်ပါတီ ရပ်ကျေးကော်မတီဝင် အောင်ဝင်းကို ပစ်ခတ် တိုက်ခိုက်ရာ သေနတ်ကျည် ၃ ချက်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၆ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်ခန့်တွင် စဉ့်ကိုင်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာတွင် အကြမ်းဖက် စစ်တပ်အတွက် စစ်သားသစ် စုဆောင်းပေးနေသော လက်နက်ကိုင် ကြံ့ဖွတ်ပါတီ ရပ်ကျေးကော်မတီဝင် အောင်ဝင်းကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရဿည်။

“အောင်ဝင်းက ကြံ့ဖွတ်ပါတီမှာလည်း ရပ်ကျေးကော်မတီဝင် ပြည်သူ့စစ် အဖွဲ့မှာလည်းပါတယ်။ သူ့မှာ လက်လုပ် သေနတ် ၁ လက်ရှိတယ်။ အဲကောင်က လက်လုပ်သေနတ် ကိုင်ပြီး ရပ်ရွာထဲ ပတ်ရမ်းနေတာ လူငယ်တွေကို စစ်မှုထမ်းဖို့ ခြိမ်းခြောက်တာတွေလည်း လုပ်တယ်။ ပစ်ခတ်ခံရတဲ့ နေ့က သူ့အိမ်ရှေ့မှာ ကင်းစောင့်နေတာ လက်ကိုင်အဖွဲ့တစ်ဖွဲ့က နေအိမ်ရှေ့ကို ရောက်လာပြီး ပစ်သွားတာပဲ ခေါင်းကို သေနတ်ကျည် ထိမှန်ပြီး ပွဲချင်းပြီးသေသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော စစ်သားဟောင်း ကျော်ကျော် ပစ်ခတ်ခံရပြီး ၁ ရက် အကြာ သထုံဆေးရုံကြီးတွင် သေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄၊ UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၆ ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ် ခန့်တွင် ကျိုက်ထိုမြို့၊ ကျိုက်ပိကျေးရွာတွင်‌ နေထိုင်သော အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော စစ်သားဟောင်း ကျော်ကျော် ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄၊ UG အဖွဲ့က ရဲဘော်များက ကျိုက်ထိုမြို့၊ ကံကော်ရပ်ကွက် ၊ ဗိုလ်ချုပ်လမ်း ၊ နီလာ တည်းခိုခန်း နှင့် အင်းဝဘဏ် ကပ်ရပ်ရှိ ဆိုင်ကယ် ကယ်ရီဂိတ်တွင် ပစ္စတိုဖြင့် ၆ ချက် ပစ်ခတ် တိုက်ခိုက်ခံရပြီးနောက် သထုံဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေစဉ် ဧပြီလ ၂၇ ရက်နေ့တွင် သေဆုံးသွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article