32 C
Yangon

ရေဖြူမြို့နယ်၊ သဘွတ်ချောင်းရွာသား စိတ်ရောဂါ ခံစားနေရသူ ဦးကျော်ဝင်းကို ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ပျူစောထီးအဖွဲ့က အကြောင်းမဲ့ ဖမ်းဆီး ရိုက်နှက်မှုကြောင့် သေဆုံး

Must read

ရေဖြူမြို့နယ်၊ သဘွတ်ချောင်းရွာသား စိတ်ရောဂါ ခံစားနေရသူ ဦးကျော်ဝင်းကို ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ပျူစောထီးအဖွဲ့က အကြောင်းမဲ့ ဖမ်းဆီး ရိုက်နှက်မှုကြောင့် သေဆုံး

ရန်ကုန်၊ ဧပြီ ၂၈

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ သဘွတ်ချောင်းရွာသား စိတ်ရောဂါ ခံစားနေရသူ ဦးကျော်ဝင်းကို ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ပျူစောထီးအဖွဲ့က အကြောင်းမဲ့ ဖမ်းဆီး ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၅ ရက်နေ့ ညနေ ၆ နာရီခန့်တွင် သဘွတ်ချောင်းရွာ၌ နေထိုင်သော စိတ်ရောဂါ ခံစားနေရသူ ဦးဝင်းကျော်ကို စစ်ဆေးစရာရှိသည်ဟုဆိုကာ ပျူစောထီး အဖွဲ့ဝင်များက နေအိမ်၌ အကြောင်းမဲ့ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဧပြီလ ၂၆ ရက်နေ့ ည ၈ နာရီခန့်တွင် ပြင်းထန် ဒဏ်ရာများဖြင့် သတိလစ် မေ့မျောနေသော ဦးဝင်းကျော်ကို ပျုစောထီးအဖွဲ့များက ဆိုင်ကယ်ဖြင့် နေအိမ်ကို လာရောက်ပို့ဆောင်ခဲ့ပြီး ညတွင်းချင်း မိသားစုဝင်များက ကံပေါက်ဆေးရုံကို ပို့ဆောင်ခဲ့သော်လည်း ရရှိသော ဒဏ်ရာများဖြင့် ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်းသိရသည်။

“ဦးဝင်းကျော်ကို ဖမ်းသွားတဲ့နေ့က သူ့အမေလိုက်ပြီးသူ့သားကိုသွားထုတ်သေးတယ်။ ပျူစောထီး အဖွဲ့တွေက ပြန်မလွှတ်ပေးဘူး။စစ်ဆေးပြီး ပြန်လာပို့ပေးမယ်ပြောလို့ သူ့အမေလည်းပြန်လာလိုက်တယ်လို့ သိရတယ်။ ဦးဝင်းကျော်ကို ဖမ်းသွားတုန်းက အကောင်းလေ နောက်တစ်နေ့ လာပို့တော့ လူမှန်းသူမှန်းတောင်မသိတော့ဘူး။ ဆေးရုံကို ပို့ဖို့ ရွာကကားတွေ ကိုအကူအညီတောင်းတာ တစ်စီး မှ လိုက်ပေးမရဲကြဘူး။ အဲတာနဲ့ပဲ ဆိုင်ကယ် ဘေးတွဲလေးထဲကို ခွေခွေလေးထည့်ပြီး ညတွင်းချင်းဆေးရုံကိုတင်သွားတာပေါ့။ ရေတပ်ဆေး ရုံကို အရင်သွားပြကြတယ်။ ရေတပ်က ကံပေါက်ဆေးရုံကို လွှဲတယ်။ ကံပေါက်ဆေးရုံကို ရောက်တာနဲ့ ဒဏ်ရာကအရမ်းပြင်းထန်လို့ ဆုံးသွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

သေဆုံးသွားသော ဦးဝင်းကျော်၏ သတင်းကို အပြင် မပေါက်ကြားစေရန် မိသားစုဝင်များကို သဘွတ်ချောင်းအုပ်ချုပ်ရေးမှူး နွမ်ကြီး က ခြိမ်းခြောက်ပြောဆိုထားပြီး အသုဘ အတွက် ကုန်ကျစရိတ်များကိုလည်း ၎င်းက တာဝန်ယူ အကုန်ကျခံပေးမယ်ဟုပြောဆိုကြောင်း၊ ဦးဝင်းကျော်၏ ရုပ်အလောင်းကို ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် သဘွတ်ချောင်းရွာ သုသာန်တွင် သဂြိုလ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article