28 C
Yangon

အုတ်တွင်းနှင့် ထန်းတပင် နယ်စပ်တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်က ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် ဆက်သွယ်ထားသော ကျေးရွာချင်းဆက် လမ်းများကို ဖျက်ဆီးကာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

Must read

ရန်ကုန်၊ ဧပြီ ၂၉

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်နှင့် ထန်းတပင် မြို့နယ် အစပ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်က ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် ဆက်သွယ်ထားသော ကျေးရွာချင်းဆက် လမ်းများကို ဖျက်ဆီးကာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်းက စတင်ကာ အုတ်တွင်းမြို့နယ်နှင့် ထန်းတပင်မြို့နယ် အစပ် ကျွဲပွဲ အရှေ့ စစ်တောင်မြစ်ကမ်း အနီးရှိ ကျေးရွာများဖြစ်သော မြိုဆိုး၊ ရေအိုးရွာစဥ်နှင့် သရက်တောရွာတို့တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် ဆက်သွယ်ထားသော ကျေးရွာ ချင်းဆက်လမ်း များဖြစ်သော ကျောက်တိုင်ရွာလမ်း၊ သပြေတန်းရွာလမ်း၊ ဂုံမင်းဒါရွာလမ်းများကို မြေတူးစက်များဖြင့် ဖျက်ဆီးပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာများအတွင်း စစ်ကြောင်းထိုး ဝင်ရောက်ကာ ပြည်သူများ ဝင်ထွက်သွားလာခြင်းများကို ပိတ်ဆို့ထားပြီး ညစဉ် လက်နက်ကြီးအမြောက်များဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် သရက်တောရွာ ဘုန်းကြီးကျောင်းကို လက်နက်ကြီးကျရောက်ခဲ့ပြီး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“အဖျက်ခံရတဲ့လမ်းက ရန်ကုန်-မန္တလေး ရထားလမ်း အနောက်ဘက်မှာ စစ်ခွေးတွေက အဲနားတွေမှာ နေရာယူထားတယ်။ လက်ရှိချိန်ထိ စစ်ခွေးတွေက ရေအိုးစဥ်ရွာနဲ့ သရက်တောရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ကူယူပြီး ရွာထဲကို ဝင်ရောက်နေတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်နေတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article