30 C
Yangon

တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေ

Must read

တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေ

ရန်ကုန်၊ ဧပြီ ၂၉

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း – ၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် တနင်္သာရီမြို့နယ်၊ မြေမအုံရွာဘက် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း – ၁ က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းထိတွေ့ တိုက်ပွဲသည် မိနစ် ၃၀ ခန့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ စစ်ကောင်စီ တပ်သားများ ပြန်လည် ဆုတ်ခွာသွားပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိနိုင်ပြီး တော်လှန်ရေးတပ်ဖွဲ့များ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ယနေ့ ဧပြီလ ၂၉ ရက်နေ့တွင်လည်း တနင်္သာရီမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တကျက်ရွာ၊ ကျွဲထိန်းကုန်းရွာနှင့် တောင်ဘိန်းရွာ အနီး တစ်ဝိုက်ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရသည်။

“အခုလည်း တိုက်ပွဲတွေက ဆက်ရှိနေတယ်။ တကျက်နဲ့ ကျွဲထိန်းကုန်းအနီး တစ်ဝိုက်ကို စစ်ခွေးတွေက လေကြောင်းကနေ ဗုံးကျဲနေတာ ၃ ကြိမ်လောက်ရှိပြီ တောင်ဘိန်းရောပါတယ်” ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း – ၁ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ဧပြီလ ၂၂ ရက်နေ့မှစ၍ ဧပြီလ ၂၈ ရက်နေ့ အထိ သိန္ဒော စစ်စခန်း အနီးနားရှိ ကျေးရွာများကို လေ‌ကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အကြိမ်ကြိမ် ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article