36 C
Yangon

မတ္တရာမြို့နယ်တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော သံခွန် ၁ စီးနှင့် စစ်တပ်က တပ်စွဲထားသော ငါးလုံးပြွန်ရွာကို တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

Must read

မတ္တရာမြို့နယ်တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော သံခွန် ၁ စီးနှင့် စစ်တပ်က တပ်စွဲထားသော ငါးလုံးပြွန်ရွာကို တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၉

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော သံခွန် ၁ စီးနှင့် စစ်တပ်က တပ်စွဲထားသော ငါးလုံးပြွန်ရွာကို တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုဘိုတောက်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၄ ရက်နေ့တွင် မန္တလေးမြို့ ဆိပ်ကမ်းမှ အထက်ကို ဆန်တက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ချောဆွဲလာသည့် အင်အား ၈၀ ခန့်ကပါ သံခွန် ၁ စီးကို မတ္တရာမြို့နယ် ရောက်မဆုတ်ရွာအနီးတွင် မတ္တရာ ပကဖ အဖွဲ့က တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်မှ စနိုက်ပါ ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရှိကာ သံခွန် ပျက်စီးသွားကြောင်း သိရသည်။

အလားတူ ယင်းနေ့ နံနက် ၈ နာရီခန့်တွင် မတ္တရာမြို့နယ် ငါးလုံးပြွန်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇၀ ခန့်ကို မတ္တရာမြို့နယ် ပကဖ၊ တိုက်နယ် ၃ ပကဖ ၊ တိုက်နယ် ၄ ပကဖ မှ ရဲဘော်များက လက်လုပ် ၈၀ မမ လက်နက်ကြီး အလုံး ၂၀ ကျော်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“ပြီးခဲ့တဲ့ ၂၄ ရက်နေ့က မန္တလေးမြို့ ဆိပ်ကမ်းကနေပြီးတော့မှ အထက်ကို ဆန်တက်လာတဲ့ စကစ ချောဆွဲလာတဲ့ စစ်သားနဲ့ ပြည်သူ့စစ် အင်အား ၈၀ ခန့်ကို ကျွန်တော်တို့ မတ္တရာ ပကဖ ကနေပြီးတော့မှ မတ္တရာမြို့နယ် ရောက်မဆုတ်ရွာအနီးမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်။ အဲတိုက်ခိုက်မှုမှာ သံခွန် စက်ခန်းပျက်စီးသွားပြီး စနိုက်ပါ ၁ ဦးသေဆုံးတယ်လို့ သိရတယ်။ အဲနေ့ နံနက် ၈ နာရီခန့်မှာ မတ္တရာမြို့နယ် ငါးလုံးပြွန်ကျေးရွာမှာ တပ်စွဲထားတဲ့ စကစ ၇၀ ခန့်ကို ကျွန်တော်တို့ မတ္တရာမြို့နယ် ပကဖ၊ တိုက်နယ် ၃ ပကဖ ၊ တိုက်နယ် ၄ ပကဖ ပေါ့။ ကျွန်တော်တို့ ပူးပေါင်း ပြီးတော့ လက်လုပ် ၈၀ မမ နဲ့ အလုံး ၂၀ ကျော် ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်တယ်” ဟု မတ္တရာမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုဘိုတောက်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article