31 C
Yangon

ဒဏ်ရာမှ ပြန်လည်သက်သာလာသည့် အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း နေပြည်တော်တွင် ရုံးပြန်တက်ပြီးနောက် လူမြင်ကွင်းပါ ထွက်ပြ ၊

Must read

ဒဏ်ရာမှ ပြန်လည်သက်သာလာသည့် အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း နေပြည်တော်တွင် ရုံးပြန်တက်ပြီးနောက် လူမြင်ကွင်းပါ ထွက်ပြ ၊

■ စိုးဝင်း ခရီးစဉ်အတွက် Jammerဖြင့် ဒရုန်းများကို ဖြတ်တောက်ရေး အပါ အဝင် လေ ကြောင်းရန်ကာကွယ်ရေး အထူးတပ်ဖွဲ့နှင့် လုံခြုံရေးအထူးတပ်ဖွဲ့များပါ တိုးမြှင့်ခေါ်ဆောင်ပြီးမှ အပြင်ထွက်

ရန်ကုန်၊ ဧပြီ ၂၉

အကြမ်းဖက်ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် ဧပြီလ ၂၆ ရက်နေ့မှစတင်ပြီး နေပြည်တော်တွင် ရုံးပြန်တက်နေပြီနောက် ယနေ့တွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်သို့သွားရောက်စစ်ဆေးရင်း လူမြင်ကွင်းတွင်ပါ လူလုံးထွက်ပြကြောင်း ရန်ကုန်ခေတ်သစ်၏ စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဧပြီလ ၃ ရက်နေ့မှ စတင်ပြီး လူမြင်ကွင်းမှ ပျောက်ကွယ်နေသော အကြမ်း ဖက် ဒုစစ်ခေါင်းဆောင်စိုးဝင်းသည် မွန်ပြည်နယ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာ ရရှိခဲ့ရာမှ ဆေးကုသမှုခံယူခဲ့ပြီးနောက် ရုံးပြန်တက်နေခြင်းဖြစ်ကြောင်း၊ ယနေ့တွင်မူ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံခြင်း၊ ဆေးရုံများကို စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“လက်၊ပခုံးနဲ့ အရိုးအကြောဒဏ်ရာရခဲ့တာ လုံး၀ သက်သာလို့ ဧပြီလ ၂၆ ရက်နေ့မှာ ရုံးပြန်တက်တယ်။ ဒီနေ့တော့ လူလုံးထွက်ပြတယ်။ ပြီးရင် နေပြည်တော်ပဲ ပြန်လာတယ်။ ရတခထဲမှာ ရုံးထိုင်ဖို့ မရှိပါဘူး။ ဒရုန်းတိုက်ခိုက်မှုပြီးကတည်းက ရုံးမထိုင်တော့ဘူး” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် ဧပြီလ ၉ ရက်နေ့နှင့် ဧပြီလ ၁၀ ရက်နေ့ မော်လမြိုင်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ပခုံး၊ လက်နှင့် အရိုးအကြောဆိုင်ရာ ဒဏ်ရာများရရှိခဲ့ကြောင်း၊ ယင်းနောက် ဒဏ်ရာများမှ ပြန်လည် သက်သာလာခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် ယနေ့ ပြင်ပသို့ ထွက်ခွာ စစ်ဆေးရာတွင် ဒရုန်းတိုက်ခိုက်မှုများကို ကာကွယ်နိုင်သော Jammerဖြင့် ဖြတ်တောက်ရေး အပါအဝင် လေကြောင်းရန်ကာကွယ်ရေး အထူးတပ်ဖွဲ့နှင့် လုံခြုံရေးအထူးတပ်ဖွဲ့များပါ တိုးမြှင့်ခေါ်ဆောင်ပြီးမှ အပြင်ထွက်ကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article