35 C
Yangon

ထိုင်း-မြန်မာ မြ၀တီအမှတ် ၂ ချစ်ကြည်ရေးတံတား ပြန်လည် ဖွင့်လှစ်ပြီး နှစ်နိုင်ငံကုန်ကားများ သွားလာခွင့်ရ

Must read

ရန်ကုန်၊ ဧပြီ ၃၀

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာ မြ၀တီအမှတ် ၂ ချစ်ကြည်ရေးတံတားကို ယနေ့ နံနက်ပိုင်း ပြန်လည် ဖွင့်လှစ်လိုက်ပြီး နှစ်နိုင်ငံ ကုန်ကားများ အပြန်အလှန် သွားလာခွင့်ရနေပြီဖြစ်ကြောင်း မြ၀တီမြို့မှ ကုန်သည်များနှင့် ထိုင်းသတင်းမီဒီယာတချို့ ထံမှ သိရှိရသည်။

ယနေ့ နံနက်ပိုင်းတွင် မြန်မာစစ်ကောင်စီဘက်ကအမှတ် ၂ ချစ်ကြည်ရေးတံတားကို ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ပြီး ထိုင်းဘက်ကလည်း တံတားပြန်လည်ဖွင့်လှစ်ချိန်တွင် ကုန်ကားများကို အဝင်အထွက်ခွင့်ပြုကြောင်း၊ အမှတ် ၂ တံတားအနီးတွင် တပ်စွဲထားသော ထိုင်းစစ်တပ်တချို့လည်း ရုပ်သိမ်းသွားပြီး သာမန်လုံခြုံရေးသဘောဖြင့် ချထားသည့် ရဲနှင့်တပ်သားတချို့သာရှိတော့ ကြောင်း သိရှိရသည်။

“အမှတ် ၂ တံတားတော့ ပြန်ဖွင့်နေပါပြီ။ ထိုင်းဘက်ကရော မြန်မာဘက်ကရော ကားတွေ အဝင်အထွက်ခွင့်ပြုနေပြီ။ မြန်မာဘက်က ပြင်ဆင်မှုတွေ မပြီးသေးဘဲ ဖွင့်ပေးလိုက်တာ” ဟု မြ၀တီဘက်မှ ကုန်သည်တစ်ဦးက ပြောဆိုသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ဧပြီလ ၁၀ ရက်နေ့မှစတင်၍ တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားခဲ့ပြီးနောက် အမှတ် ၁ ချစ် ကြည်ရေးတံတားကိုမူ ဧပြီလ ၂၁ ရက်နေ့တွင် စစ်ကောင်စီဘက်က ပိတ်ပင်ခဲ့ပြီး ဧပြီလ ၂၇ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်ပေးခဲ့ကြောင်း၊ အမှတ် ၂ တံတားကိုမူ ဧပြီလ ၁၁ ရက်နေ့မှစတင်၍ ဖွင့်လိုက်၊ ပိတ်လိုက်ဖြစ်နေခဲ့ရာမှ ယနေ့ ဧပြီလ ၃၀ ရက်နေ့တွင် အားလုံး ပြန်လည်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတား။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ထိုင်း-မြန်မာ မြ၀တီအမှတ် ၂ ချစ်ကြည်ရေးတံတား

ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတား။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article