35 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၃၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၃၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အတွင်း ရာထူးအရွှေ့အပြောင်းနှင့် မြို့နယ်အပြောင်း အလဲများအတွက် ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းထံ လာဘ်ထိုးသူတွေ နေရာ ကောင်းရပြီး လာဘ်မထိုးနိုင်သူများမှာ ရာထူးမတိုးတဲ့အပြင် အန္တရာယ်များတဲ့ မြို့နယ်တွေကို ပြောင်းရွှေ့ခံရမှုများ ဖြစ်ပွားနေကြောင်း ပြည်ထဲရေးသတင်းရင်းမြစ်က ပြောဆိုပါတယ်။
  • ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ လျှပ်စစ်မီးပြတ်မှု အခြေအနေဆိုးရွားလာနေတဲ့အချိန် ကွန်ဒိုနဲ့ ပုဂ္ဂလိကအိမ်ရာဝင်းတွေက သူတို့ဆီမှာ မီးမပြတ်အောင် မြို့နယ်လျှပ်စစ်ရုံးကို ငွေပေးပြီးတော့ လျှပ်စစ်မီးပေးချိန် တိုးမြှင့်ခိုင်းတာတွေရှိနေတယ်လို့ ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေးဌာနနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရခိုင့်တပ်တော် AA က လာရောက်တိုက်ခိုက်မှာစိုးရိမ်ပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်တွေမြို့ ပတ်ပတ်လည်မှာ မြေမြုပ်မိုင်းတွေ ထောင်ထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article