29 C
Yangon

NUG ထိန်းချုပ်ထားသော မြို့နယ် ၄၂ ခုမှ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၉၈ သန်း အခွန်အခကောက်ခံရရှိခဲ့ပြီး ငွေတိုက်စာချုပ်၊ ထီ၊ ဘဏ်ရှယ်ယာနှင့် မြေ ကွက်များ ရောင်းချမှုမှလည်း ဒေါ်လာ သန်းရာဂဏ်န်းကျော်ရရှိ

Must read

ရန်ကုန်၊ဧပြီ ၃၀

အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်ထားသည့် မြို့နယ် ၄၂ မြို့နယ်မှ ၂၀၂၃ ခုနှစ်အတွင် အမေရိ ကန် ဒေါ်လာ ၂၂ ဒသမ ၉၈ သန်း အခွန်အခကောက်ခံရှိထားကြောင်း ယနေ့ပြုလုပ်သည့် အမျိုးသားညီညွတ်ရေး အစိုးရ ၃ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စု ဝန်ကြီး ချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

အခွန်ဘဏ္ဍာများ စဉ်ဆက်မပြတ် ထည့်ဝင်ပံ့ပိုးနေကြသော ပြည်သူလူထုထံ ဝန်မပိစေသည့် ဘဏ္ဍာငွေ ရရှိရေး လမ်းကြောင်းများကို ရှာဖွေ ဖော်ထုတ်လျက်ရှိပြီး စိုးမိုးထိန်းချုပ်နယ်မြေများမှ ရရှိသော အခွန် ဘဏ္ဍာငွေများကိုလည်း တာဝန်ယူမှု၊တာဝန်ခံမှု အပြည့်ဖြင့် စီမံခန့်ခွဲသုံးစွဲနေကြောင်း ဦးနေဘုန်းလတ်ကပြောသည်။

အခွန်ကောက်ခံရာတွင်လည်း ပြည်သူလူထုကို တိုက်ရိုက်ဝန်ပိစေမည့်အခွန်များ မကောက်ခံဘဲ လောင်စာဆီသယ်လာသည့် ကိစ္စရပ်များ၊ ကျောက်မီးသွေးသယ်လာသည့် ကိစ္စများတွင် ကောက်ခံခြင်းဖြစ်ပြီး အဓိကအားဖြင့် အခွန်ဆိုသည့်ထက် ယခု ကောက်ခံရရှိသည့် ငွေကြေးများ၏ ၈၀ ရာခိုင်နှုန်းသည် ဒဏ်ကြေးများမှရရှိသည့် ငွေများဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောဆိုသည်။

ယင်းသို့အခွန်ကောက်ခံရာတွင် NUG မှ သတ်မှတ်ထားသည့် အခွန်နှုန်းထား ထက် မြေပြင် ပအဖ ပကဖ အဖွဲ့များက ပိုမိုကောက်ခံနေကြောင်း ပြောဆိုမှုများရှိနေသည့် အပေါ်တွင် အခွန်ကောက်ခံရန် ဂိတ်ဖွင့်ရာတွင်လည်း registration လုပ်ပြီးမှ ဂိတ်ဖွင့်ကောက်ခံခြင်းဖြစ်ကြောင်း registration မလုပ် ဘဲ ဂိတ်ဖွင့်ခြင်းကို လက်မခံကြောင်း၊ သို့သော် NUG ထိန်းချုပ်မှုအောက်တွင် မရှိသည့် နေရာများ တွင်လည်း ဂိတ်ဖွင့်ကောက်ခံမှုများရှိသည်ဟု ကြားသိရကြောင်း၊NUG ထိန်းချုပ်မှု အောက်တွင် ရှိသည့် အဖွဲ့များကလည်း လုံခြုံရေးအရ ရွှေ့ပြောင်းနေရသည်များ ရှိနေကြောင်း ယင်းအခြေအနေများနှင့် ပတ်သက်၍လည်း ကွင်းဆင်းစစ်ဆေးမည့် အဖွဲ့ဖြင့် စစ်ဆေးရန် စီစဉ်နေ ကြောင်း ဦးလွင်ကိုလတ်က ပြောသည်။

ယင်းသို့ကောက်ခံရရှိသည့်အခွန်ငွေများထဲမှ မြို့နယ်များကို ၈၀ ရာခိုင်နှုန်း ပြန်လည်သုံးစွဲခွင့် ပေးထားခြင်းဖြစ်ကြောင်း ကျန်သည့် ၂၀ ရာခိုင်နှုန်းကို ဗဟိုမှ စီမံခန့်ခွဲကြောင်း၊ယင်း ၂၀ ရာခိုင် နှုန်းသည်ပင် မြို့နယ်များမှ အရေးပေါ်စီမံခန့်ခွဲမှုပေါ်ပေါက်လာလျှင် သုံးစွဲခွင့်ပေးထားကြောင်း ဦးလွင်ကိုလတ်ကပြောသည်။

ယင်းကြောင့် အခွန်သုံးစွဲမှုတွင် ဗဟိုက မူအရ ချမှတ်ပေးထား လက်တွေ့သုံးစွဲမှုကို မြို့နယ်များ ကသာ သုံးစွဲနေခြင်းဖြစ်ကြောင်း ဦးလွင်ကိုလတ်က ပြော သည်။

ထို့ပြင် အောင်လံလွှင့်ချီ နွေဦးထီ ရောင်းချမှုမှ ဩဂုတ်လ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ အမေရိကန်ဒေါ်လာ ၁၁၁,၇၀၀ ရရှိပြီး CDM ဝန်ထမ်းများကို ထောက်ပံ့ပေးခဲ့ကြောင်း၊ အထူးငွေစာချုပ်များ ရောင်းချမှုမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ အမေရိကန်ဒေါ်လာ ၄၄ သန်းကျော်၊ End of Dictatorship/Early Partnership Scheme မှ ဒီဇင် ဘာလ ၂၀၂၃ အထိ အမေရိကန်ဒေါ်လာ ၉၇ သန်းကျော်၊ Spring Development Bank ငွေစုရောင်းချရငွေမှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၈ သန်း ရရှိခဲ့ကြောင်း၊ NUG Pay စနစ်ဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်နှင့် ညီမျှသော ငွေ​ကြေးစီးဆင်းမှုကို တော်လှန်ရေးအတွက် ထောက်ကူ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #NUG ထိန်းချုပ်ထားသော မြို့နယ် ၄၂ ခု

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article