32 C
Yangon

မင်းပြားမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး နေအိမ်များ မီးလောင်ပျက် စီး၊ အမ်းမြို့တွင်လည်း စစ်တပ်က လက်နက် ကြီးများပစ်ခတ်၍ အရပ်သားများ ထိခိုက်သေဆုံးပြီး နေအိမ်များ မီးလောင်ပြာကျ

Must read

ရန်ကုန်| ဧပြီ ၃၀

ရခိုင်ပြည် မင်းပြားမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့ အရပ်သားပြည်သူ ၁၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး နေအိမ် ၅လုံးမီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ဧပြီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီကျော်အချိန်တွင် ဗုံး ၃ လုံးကြဲချခဲ့ကြောင်း မင်းပြား ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

” စစ်ကောင်စီက မင်းပြားမြို့ကို အသားလွတ်ကြီး ဗုံးလာကြဲတာ။ ၃ လုံးကျတယ်။ မြို့နယ်စည်ပင်ရုံးနဲ့ အနီးက အိမ်တစ်လုံး မီးလောင်ပျက်စီးသွားတယ်။ သပြေညိုရပ်ကွက်ကိုလည်း ကျတယ်။ ဦးဥတ္တမပန်းခြံအနီးကို တစ်လုံးကျတယ်။ အသက် ၁၂ နှစ်အရွယ် ကလေးငယ် တစ်ဦးအပါအဝင် ၁၂ ဦး ပြင်းထန်ဒဏ်ရာ ရသွားပါတယ်။ ” ဟု ပြောသည်။

ပြင်းထန်ဒဏ်ရာရရှိသွားသည့် ၁၂ ဦးကို ကျား/မ ခွဲခြားသိနိုင်ရန် စုံစမ်းနေဆဲဖြစ်ပြီး ယင်းအထဲတွင် အသက် ၁၂ နှစ်အရွယ် အမျိုးသား ကလေးငယ်တစ်ဦးပါဝင်ကာ နေအိမ် ၅ လုံးလည်း မီးလောင်ပျက်စီးသွားကြောင်း မြို့ခံများက ပြောသည်။

ကျန်ဒဏ်ရာရသူများထဲမှာ အသက် ၄၀ ကျော်အရွယ်နှင့် အသက် ၅၀ အရွယ်များဖြစ်ပြီး သေဆုံးသူမရှိကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

“သေဆုံးသူက အခုထက်ထိ မတွေ့ရသေးဘူး။ ပြင်းထန်ဒဏ်ရာရ ၁၂ ဦးထဲက တစ်ဦးမှာ အသက်န္တရာယ် စိုးရိမ်ရတယ်။ ဒဏ်ရာတွေက ခြေတွေ၊ လက်တွေ၊ ပေါင်တွေနဲ့ ကျောကုန်းတွေမှာ ဒဏ်ရာရကြပါတယ်။ အခု ဒဏ်ရာရတဲ့သူတွေကို ဆေးကုသဖို့ ခေါ်ယူသွားကြပါပြီ။ ဘယ်ကို ခေါ်သွားလဲတော့ မသိဘူး” ဟု ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားသော မြို့နယ်များ၊ ရပ်ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကို နေ့စဉ်နှင့်အမျှ ပြုလုပ်နေပြီး ပြီးခဲ့သည့်ရက်ပိုင်းကလည်း အမ်းမြို့နယ်တွင် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဧပြီလ ၂၈ ရက်နေ့ကလည်း အမ်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသော နေရာများကို စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စွေ့ချောင်းကျေးရွာက ချင်းအမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးသွားပြီး အသက် ၂၀ ကျော်အရွယ် အမျိုးသား/အမျိုးသမီး ၃ ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိသွားသည်။

တောဟိန်းတောင်က ထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားများနှင့် AA တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေ၍ စွေ့ချောင်း၊ ဆင်ဦးတိုက်၊ သဲကမ်းထောင့်၊ ဂျိတ်ချောင်းနှင့် ကျောက်ဆင် စသည့် ကျေးရွာများက ဒေသခံများ ထောင်ချီထွက်ပြေးနေကြရသည်။

ဓာတ်ပုံ – အမ်းမြို့နယ်တွင် ဧပြီလ ၂၈ ရက်နေ့ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ နေအိမ် မီးလောင်ပျက်စီးနေစဉ်။

Photo- APM

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အမ်းမြို့နယ်တွင် ဧပြီလ ၂၈ ရက်နေ့ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ နေအိမ် မီးလောင်ပျက်စီးနေစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article