35 C
Yangon

မိုးမိတ်နှင့် မဘိမ်း နယ်စပ်တွင် မူးယစ်ဆေးဝါး ရောင်းချနေသူ ၂ ဦးကို ABSDF တပ်ဖွဲ့က ဖမ်းဆီး အရေးယူ

Must read

ရန်ကုန်၊ ဧပြီ ၃၀

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်နှင့် မဘိမ်းမြို့နယ် အစပ်တွင် မူးယစ်ဆေးဝါး ရောင်းချနေသူ ၂ ဦးကို ABSDF တပ်ဖွဲ့က ဖမ်းဆီး အရေးယူခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၄ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်ခန့်တွင် မိုးမိတ်မြို့နယ်နှင့် မဘိမ်းမြို့နယ် အစပ် ရွှေလီမြစ်ရိုးတစ်လျှောက် ABSDF Column-2 လှုပ်ရှားနယ်မြေအတွင်း Column-2 တပ်ခွဲ ၁ နှင့် ဒေသကာကွယ်ရေးအဖွဲ့များက မူးယစ်ဆေးဝါးရောင်းချ ဖြန့်ဖြူးသည်ဟု ယူဆသောနေရာကို ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးမှု ပြုလုပ်စဉ်အတွင်း အမျိုးသမီး ၁ ဦး နှင့် အမျိုးသား ၁ ဦးထံမှ ဘိန်းဖြူ ၄၅ ကျပ်သား နှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ၇၆၀၀ ပြား ကို သက်သေများနှင့်တကွ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများကို သက်ဆိုင်ရာ ရပ်ရွာ လူကြီးများ၏ ရှေ့တွင် မီးရှို့ ဖျက်ဆီးခဲ့ပြီး ဖမ်းဆီးရမိသည့် တရားခံများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူရန် လုပ်ဆောင်လျက်ရှိကြောင်း ABSDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article