35 C
Yangon

တော်လှန်ရေးကာလ စစ်ရေးအရ လွတ်မြောက်သည့်ဒေသများနှင့် ထိန်းချုပ်ဒေသများတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စတင်ကျင့်သုံးကြရန် NUG ယာယီ သမ္မတ တွန်းအားပေး

Must read

ရန်ကုန်၊ ဧပြီ ၃၀

အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်မှ စစ်ရေးအရ လွတ်မြောက်သည့်ဒေသများနှင့် ထိန်းချုပ်ဒေသများတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စတင်ကျင့်သုံးကြရန် NUG ယာယီ သမ္မတ ဒူဝါလရှီးလက တိုက်တွန်း ပြောဆိုလိုက်သည်။

NUG အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၅ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ် သည်။

” လက်ရှိ ခုခံတော်လှန်စစ်ကာလအတွင်းမှာ၊ စစ်ရေးအရ လွတ်မြောက်ဒေသနဲ့ စစ်ရေးအရ ထိန်းချုပ်ဧရိယာတွေ အမြောက် အမြား ပေါ်လာပြီး ဖြစ်ပါတယ်။ အဲသည့်လို ဒေသတွေမှာ ကျွန်တော်တို့ဟာ လက်တွေ့ကျတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တော် လှန်ရေးအခြေအနေနဲ့ လိုက်လျော ညီထွေဖြစ်အောင် ကျင့်သုံးနိုင်ကြဖို့ အားပေးရမှာ ဖြစ်ပါတယ်” ဟု NUG ယာယီသမ္မတက ပြောဆိုသည်။

တော်လှန်ရေးဖြစ်စဉ်များသည် အနိမ့်အမြင့်ရှိပြီး အကွေ့အကောက်များလည်း ဖြတ်သန်းရနိုင်ကြောင်း၊ အောင်ပွဲများ ရှိသကဲသို့ လက်လွှတ်ဆုံးရှုံးရမှုများလည်းရှိကြောင်း၊ လက်ရှိ မျက်မှောက်ကာလ ခုခံတော်လှန်စစ် အမှားအယွင်း နည်းနိုင်သမျှ နည်းအောင် ကြိုးစားကြရန် တိုက်တွန်းလိုကြောင်း ၎င်းက ပြောဆိုသည်။

ထို့ပြင် နွေဦးတော်လှန်ရေးသည် လူထုတော်လှန်ရေးဖြစ်သလို၊ လူတန်းစားအားလုံးနှင့် လူမျိုးအားလုံး ပါဝင်ကြသည့် စစ်အာဏာရှင်စနစ် တော်လှန်ရေးကြီးဖြစ်ကြောင်း၊ လက်နက်ကိုင် တော်လှန်ရေး အင်အားစုပေါင်းများစွာဖြင့် စုပေါင်းချီတက်ကြသည့် တော်လှန်ရေးကြီးတစ်ခုလည်း ဖြစ်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကို ထူထောင်နိုင်ချိန်မှ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့်သက်ဆိုင်ခြင်းမဟုတ်ဘဲ လက်ရှိ တော်လှန်ရေးကာလအတွင်းတွင်လည်း ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ဆိုတာကို ကျင့်သုံးရကြောင်း၊ အနာဂတ်တွင်ဖြစ်ပေါ်လာမည့် တိုးတက်မှုများအတွက် ကြိုတင် ပြင်ဆင်ရမည်ဖြစ်ကြောင်း NUG ယာယီသမ္မတက ပြောဆိုသွားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article