32 C
Yangon

ဆိုင်းတောင်ရဲစခန်းမှ ဒုရဲအုပ် ၁ ဦး Wave Money ထွက်လွှဲစဉ် KIA က ဖမ်းဆီး

Must read

ရန်ကုန်၊ ဧပြီ ၃၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရဲစခန်းမှ ဒုရဲအုပ် ၁ ဦးသည် ယနေ့ မွန်းလွဲပိုင်း Wave Money ထွက်လွှဲစဉ် KIA က ဖမ်းဆီးရရှိကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ဆိုင်းတောင်ရဲစခန်းမှ ဒုရဲအုပ် ၁ ဦးသည် Wave Money လွှဲရန် စစ်တပ်ကုန်းမှ ဆင်းလာစဉ် KIA နှင့် PDF ပူး​ပေါင်းတပ်များက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ ဒုရဲအုပ်မှာ ထွက်ပြေးရန် ကြိုးစားသော်လည်း မလွတ်ဘဲ ဖမ်းဆီးခံရ ကြောင်း သိရှိရသည်။

“အရပ်ဝတ်နဲ့စစ်တပ်ကုန်းကနေ ဆင်းလာပြီး Wave Money လွှဲဖို့ လုပ်နေတုန်း KIA နဲ့ PDF တပ်တွေက ဝင်ဖမ်းသွားတာ။ ဆိုင်းတောင်မှာ ရဲတွေ ဆေးခန်းပြထွက်လည်း အကြိတ်ခံရ။ စျေးဝယ်ထွက်လည်း အကြိတ်ခံရဖြစ်နေတာ။ ဆိုင်းတောင်မှာက ရဲတွေကို တော်လှန်ရေးတပ်တွေဘက်က မျက်စိဒေါက်ထောက်ကြည့်နေတာလို့ ပြောလို့ရတယ်” ဟု ဆိုင်းတောင်ဒေသမှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ကချင်ပြည်နယ်၊ ဖားကန့် မြို့နယ်၊ ဆိုင်းတောင်ရဲစခန်းတွင် စစ်ကောင်စီတပ်နှင့် KIA တပ်များ မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သော်လည်း လက်ရှိအချိန်အထိ တစ်ဖက်နှင့်တစ်ဖက်အကြားတိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားမှု မရှိသေးကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဖားကန့်မြို့တွင် စစ်အာဏာသိမ်း အစောပိုင်းကာလ အကြမ်းဖက် ဖြိုခွင်းမှုများ လုပ်ဆောင်နေသည့် အကြမ်းဖက်ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article