27 C
Yangon

မတ္တရာမြို့နယ်တွင် အိမ်စီးကားဖြင့် ထွက်လာသော စစ်သားများကို တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးသေဆုံး၊ ချောင်းဦးမြို့တွင် တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၁

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာမှ အိမ်စီးကားဖြင့် ထွက်လာသော အကြမ်းဖက် စစ်သားများကို မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးသေဆုံးခဲ့ကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ထံမှ သိရသည်။

ဧပြီလ ၂၉ ရက်နေ့က မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာမှ အကြမ်းဖက်စစ်သား ၁၀ ဦးသည် Alphard အမျိုးအစား ကားလေး ၁ စီးဖြင့် ကျောက်တံတားရွာသစ်မြောက်ဘက် သို့ထွက်လာစဉ် မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားမှာ တိမ်းမှောက်သွားကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်မှ ဗိုလ်တစ်ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကာ ယင်းဒဏ်ရာ ရရှိသူများလည်း ထပ်မံသေဆုံးနိုင်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပ.က.ဖ ရဲဘော်များက လုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ ဘောလုံးကွင်း အနီးတပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း ချောင်းဦးမြို့ ခြေစိုက် BLDF တပ်ခွဲ အညာမိုင်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ချောင်းဦးမြို့ ဘောလုံးကွင်း မြောက်ဘက် သုံးထက်တိုက်ပေါ်တွင် တပ်စွဲနေသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးပွဲချင်းပြီးသေဆုံးပြီး ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပါ စစ်ခွေး ၃ ကောင်ထိတယ်။ ၁ ကောင် သေဆုံးပြီး ၂ ကောင်ကတော့ ဒဏ်ရာပြင်းထန်ရရှိတယ်။ ချောင်းဦးဆေးရုံမှာ ဆေးကုသမှူခံယူနေတယ်။ လက်နက်ငယ်တွေနဲ့လည်း ရမ်သမ်းပစ်ခတ်နေပြီး အော်ဟစ်နေတယ်” ဟု ချောင်းဦးမြို့ ခြေစိုက် BLDF တပ်ခွဲ အညာမိုင်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့ ခြေစိုက် BLDF တပ်ခွဲ အညာမိုင်းအဖွဲ့၊ မုံရွာ ခရိုင် တပ်ရင်း ၈ ခရိုင် တပ်ရင်း ၁၂ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article