32 C
Yangon

ဝိုင်းမော်မြို့ ရှငေါ်ကျေးရွာတွင် စစ်တပ်က စခန်းချ လမ်းပိတ်ထား၍ ခရီးသွားပြည်သူများ အခက်ကြုံနေရ

Must read

ရန်ကုန်၊ မေ ၁

ကချင်ပြည်နယ် ဝိုင်းမော်မြို့ ရှငေါ်ကျေးရွာတွင် အကြမ်းဖက်စစ်တပ်က စခန်းချကာ လမ်းပိတ်၍ ခရီးသွား ပြည်သူများ ဒုက္ခကြုံနေရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

စစ်တပ်က စခန်းချ လမ်းပိတ်ဆို့ထားသော ရှငေါ်ကျေးရွာသည် မြစ်ကြီးနား -ဝိုင်းမော်မြို့မှ ချိီဖွေမြို့၊ဆော့လော်မြို့၊ပန်ဝါမြို့သို့ သွားရာလမ်းတွင်ရှိပြီး အကြမ်းဖက်စစ်တပ်က လမ်းပိတ်ထား၍ နေရပ်ပြန်မည့် ပြည်သူများ အခက်ကြုံနေရကြောင်း၊ အကြမ်းဖက်စစ်တပ်က ဧပြီလ ၂၉ ရက်နေ့မှစတင်၍ လမ်းပိတ်ထားသည်မှာ ၃ ရက်ခန့်ကြာသည့်တိုင် ဖွင့်ပေးခြင်း မရှိကြောင်း၊ ထို့ကြောင့် ခရီးသွ​ြး ပြည်သူများမှာ လမ်းခုလတ်တွင် ပိတ်မိနေပြီး လမ်းဖွင့်မည့်အချိန်ကို စောင့်ဆိုင်းနေကြရကြောင်း ဒေသပြည်သူများက ပြောကြားသည်။

အကြမ်းဖက်စစ်တပ်၏ လမ်းပိတ်မှုကြောင့် ဒုက္ခရောက်နေသည့် ပြည်သူများတွင် ကျန်းမာရေးမကောင်း၍ ဆေးရုံတက်ရာမှ နေရပ်သို့ ပြန်မည့်သူများ၊ ကျောင်းတက်ရန် နေရပ်ပြန်သည့် ကျောင်းသူကျောင်းသားနှင့်ကလေးသူငယ်များလည်းပါဝင်ကြောင်း သိရှိရသည်။

“ဘာသဘောနဲ့ လမ်းပိတ်ထားလဲတော့မသိပါဘူး။ အခု ပိတ်မိနေတဲ့ ပြည်သူတွေက အတော်ကို ဒုက္ခရောက်နေကြတယ်။ ကလေးတွေရော၊ လူနာတွေရော၊ ကျောင်းသားတွေရော ဘာမှ လုပ်မရဘူး။ လမ်းပေါ်မှာပဲ လမ်းပြန်ဖွင့်မယ့်အချိန် အိပ်စောင့်နေရတယ်။ ဘေးနားပတ်ဝန်းကျင်က ပြည်သူတွေက ကူညီနေလို့သာ အဆင်ပြေနေတာ” ဟု ပိတ်မိနေသည့် ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article