30 C
Yangon

စစ်တပ်နှင့်ဆက်နွယ်နေသော ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင်ရှင်၏ သမီး သိမ့်ဝင်းထက် ပြင်သစ်တွင် ပညာသင်ကြားနေမှု ဗီဇာ သက်တမ်းတိုးပေးဖွယ် မရှိဟုဆို

Must read

စစ်တပ်နှင့်ဆက်နွယ်နေသော ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင်ရှင်၏ သမီး သိမ့်ဝင်းထက် ပြင်သစ်တွင် ပညာသင်ကြားနေမှု ဗီဇာ သက်တမ်းတိုးပေးဖွယ် မရှိဟုဆို

ရန်ကုန်၊ မေ ၂

စစ်တပ်နှင့်ဆက်နွယ်နေသော ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင်ရှင်၏ သမီး သိမ့်ဝင်းထက် ပြင်သစ်တွင် ပညာသင်ကြားနေမှု ဗီဇာ သက်တမ်းတိုးပေးဖွယ် မရှိကြောင်း Justice For Myanmar က ပြင်သစ်သတင်းစာ Le Monde ကို ကိုးကား၍ သတင်းထုတ်ပြန်သည်။

သိမ့်ဝင်းထက်သည် မြန်မာစစ်တပ်ဆက်နွှယ် ခရိုနီစီးပွားရေးလုပ်ငန်းစုကြီး ရွှေဗျိုင်းဖြူအုပ်စုကို တည် ထောင်သည့် မိသားစု၏ မိသားစုဝင်တစ်ဦးဖြစ်ပြီး၊ ၎င်းအား အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ် ဆို့မှု ချမှတ်ထားကြောင်း၊ ပြင်ငသစ်နိုင်ငံ HEC Paris တွင် ကျောင်းတက်ရောက်လျက်ရှိရာ မြန်မာစစ်အုပ်စုနှင့် စီးပွားရေးလုပ်ငန်းမှ အကျိုးအမြတ် ရရှိနေသည့် ၎င်း၏မိသားစုစီးပွားရေးမှ ငွေးကြေးထောက်ပံ့မှု ရရှိနေကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် ပြင်သစ်ရှေ့နေများဖြစ်ကြသည့် William Bourdon နှင့် Lily Ravon တို့က Justice For Myanmar ၏ အကျိုးဆောင်ရှေ့နေများအဖြစ် ဆောင်ရွက်၍ သိမ့်ဝင်းထက်အား ပြင်သစ်အာဏာပိုင်များထံ တိုင်ကြားခဲ့ကြောင်း၊ Le Monde သတင်းဌာန၏ ရေးသားချက်အရ သိမ့်ဝင်းထက်၏ ပြင်သစ်နိုင်ငံအတွင်း နေထိုင်ခွင့် ဗီဇာကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် သက်တမ်းတိုးရတော့မည် ဖြစ်ကြောင်း၊ သို့ရာတွင် သူမ၏ ကျောင်းပညာသင်ကာလသည် အနည်းဆုံး ၂၀၂၄ ခုနှစ်အထိ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း သိရှိရသည်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက “အကယ်၍ ဥရောပသမဂ္ဂ ဒါမှမဟုတ် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရှိနေခဲ့မယ်ဆိုရင် ဗီဇာထုတ်ပေးမှာ မဟုတ်ပါဘူး။ အဆိုပါမိန်းကလေးအနေနဲ့ ဗီဇာသက်တမ်းတိုး လျှောက်လာပြီဆိုရင် ဒါက ပြဿနာတစ်ရပ် ဖြစ်လာမှာပါ” ဟု Le Monde သတင်းစာသို့ ပြောဆိုထားသည်။

တစ်ချိန်တည်းတွင် HEC Paris က ၎င်းတို့အနေဖြင့် ရှေ့နေတစ်ဦးဖြင့် စုံစမ်းမေးမြန်းမှုများ လုပ်ဆောင် လျက်ရှိပြီး် “ကျောင်း၏ ကျင့်ဝတ်ဆိုင်ရာ ကတိကဝတ်များနှင့် ဆန့်ကျင်နေသည့် အခြေအနေ သို့မဟုတ် လုပ်ရပ်ရှိကြောင်း အသိပေးတင်ပြမှုမှန်သမျှကို အလွန်အလေးအနက်ထား ဆောင်ရွက်ပါကြောင်း” Le Monde က သတင်းဖော်ပြထားသည်။

ပြင်သစ်အာဏာပိုင်များအနေဖြင့် သိမ့်ဝင်းထက်၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းသင့်ပြီး၊ သူမ၏ ဗီဇာ ကိုလည်း ပြန်လည်ရုပ်သိမ်းသင့်ကြောင်း၊ ရွှေဗျိုင်းဖြူသည် မြန်မာစစ်တပ်နှင့် အရေးပါထင်ရှားသည့်ဆက်နွှယ်မှုရှိသော အဓိကခရိုနီလုပ်ငန်းစုကြီးတစ်ခု ဖြစ်သည်။ ထင်ရှားသည့်ဆက်နွှယ်မှုများတွင် အီးယူက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည့် မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက် (ဦးပိုင်) နှင့် ရေနံတင်ပို့ရန် မိတ်ဖက်ဆောင်ရွက်မှုတစ်ခုလည်း ပါဝင်ကြောင်း၊ ရွှေဗျိုင်းဖြူ ဥက္ကဌ သိန်းဝင်းဇော်သည် မြန်မာစစ်တပ်နှင့် ကာလကြာရှည် အကျိုးအမြတ်ရှာ ဆက်ဆံရေး တစ်ရပ် ရှိထားသူဖြစ်ကြောင်း၊ မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများတွင် အားပေးကူညီခြင်းအားဖြင့် သိန်းဝင်းဇော်သည် သစ်ထုတ်လုပ်ရေး၊ ကျောက်စိမ်း၊ သတ္တုတူးဖော်ရေးနှင့် အခြားမသမာစီးပွားရေး လုပ်ငန်းများတွင် အကျိုးအမြတ်ကြီးသော လုပ်ပိုင်ခွင့်စာချုပ်များ ရရှိခဲ့ကြောင်း သိရှိရသည်။

သိမ့်ဝင်းထက်သည် ရွှေဗျိုင်းဖြူက တယ်လီနောမြန်မာကို ဝယ်ယူစဉ် အတွင်း တည်ထောင်ခဲ့သည့် One Telecom Company Limited တွင် ရှယ်ယာရှင်နှင့် ဒါရိုက်တာတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် သိမ့်ဝင်းထက်သည် ATOM Myanmar တွင် ဘဏ္ဍာရေးလေ့လာဆန်းစစ်သူအဖြစ် အလုပ်သင် ဆင်းခဲ့ကြောင်း သိရှိရသည်။

သိမ့်ဝင်းထက်သည် “မြန်မာ-ရုရှားမိတ်ဖက် ဆောင်ရွက်မှု ခိုင်မာစေရေး ရုရှားနိုင်ငံမှ ယုံကြည်နိုင်သော အရောင်းကိုယ်စား လှယ်များ ရှာဖွေရန်” အတွက် စုဖွဲ့တည်ထောင်ခဲ့သော လုပ်ငန်းစုကြီးတစ်ခုတွင် ပါဝင်သည့် မြန်မာရေနံကုမ္ပဏီ Min Shwe Myine Enterprise Limited တွင်လည်း ရှယ်ယာများ ပိုင်ဆိုင်ထားကြောင်း သိရှိရသည်။

JFM ကိုယ်စားပြု ပြင်သစ်ရှေ့နေများဖြစ်သော William Bourdon နှင့် Lily Ravon တို့က မကြာ သေးမီက သိမ့်ဝင်းထက်အား ပြင်သစ်အာဏာပိုင်များထံ တိုင်ကြားခဲ့ပြီး၊ ပြင်သစ်အချုပ်အခြာနယ်မြေ အတွင်းရှိ သူမ၏ ပိုင်ဆိုင်မှုများအား သိမ်းဆည်းရန်နှင့် ပြင်သစ်နိုင်ငံအတွင်းမှ နှင်ထုတ်ရေး စဉ်းစားရန် တောင်းဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article