25 C
Yangon

Khit Thit သတင်းဌာန၏ မေ ၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အမျိုးသားတွေနဲ့သက်ဆိုင်တဲ့ ပြည်ပအလုပ်ခေါ်စာတွေအားလုံးကို စစ်ကောင်စီက ယာယီပိတ်ပင်လိုက်ပြီး ပြန်လည်ခွင့်ပြုမယ့်အချိန် မသိသေးဘူးလို့ အလုပ်သမားဝန်ကြီးဌာနက အကြောင်းပြန်ကြားလာကြောင်း ရွှေမြန်မာပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။
  • စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်ကိုင်းဘက်ကို ကြေးနီသယ်လာတဲ့စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်က ၃ ဦးသေဆုံးခဲ့တယ်လို့ People’s knight Defense Force မြင်းမူ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
  • မကွေးတိုင်း၊ ကျောက်ထုမြို့ အမှတ် ၃၆၈ အမြောက်တပ်က စစ်သား ၁ ဦး စားဝတ်နေရေးမပြေလည်လို့ သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်လာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article