26 C
Yangon

ဆီဆိုင်မြို့နယ်တွင် တဘက်ချောင်းတံတားကို လာရောက်ဖျက်ဆီးခဲ့သော စစ်တပ်နှင့် PNO တပ်များကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများပြား

Must read

မြိုင်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးအလုံး ၆၀ ကျဲချတိုက်ခိုက်

ရန်ကုန်၊ မေ ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ တဘက်ချောင်းတံတားကို လာရောက်ဖျက်ဆီးခဲ့သော စစ်ကောင်စီတပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ် တပ်များကို တော်လှန်ရေးတပ်များက စုပေါင်းတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးကြောင်း Black Fox Southern Shan Local Defense Force မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် ဆီဆိုင်မြို့နယ်၊ နောင်စကား မှ ​ရွှေတဂူဘုရားအကြားရှိ တဘက်ချောင်းတံတားကို စစ်ကောင်စီနှင့် P.N.Oတပ်ဖွဲများက လာရောက်ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ပေါင်းစုများက တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးကြောင်း Black Fox Southern Shan Local Defense Force မှ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

စစ်ကောင်စီတပ်များကို တိုက်ခိုက်ရာတွင် တော်လှန်ရေးတပ်ပေါင်းစုများဘက်မှ ရှမ်းပြည်လူမျိုးပေါင်းစုံလွှတ်မြှောက်ရေးအဖွဲ့ (ရ.လ.လ.ဖ) | ရှေ့ရိုးမ E.Y.M PDF တပ်ခွဲ( ၁ ) 1006 PDF | Black fox (Local Defense force) | က.လ.လ.တ တပ်ဖွဲ့ တို့ပါဝင်ကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ် ပျူစောထီးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးသီး အလုံး ၆၀ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်မှ စတင်ကာ ဝက်ပုတ် ပျူစောထီးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၃ စီးဖြင့် ဗုံးသီး ၃၅ လုံးနှင့် မီးလောင်ဗုံး ၂၅ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း ပျူစောထီးရွာထဲရှိ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နေရာများ မီးလောင်ပျက်စီးမှုရှိကြောင်း ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် (ပကဖ) Drone တပ်ဖွဲ့မှ ဦးစီးပြီး မြိုင် ပကဖ တပ်ရင်း ၁ တပ်ခွဲ (၁)ဘာမထီ (ပြောက်ကျားတပ်ဖွဲ့) ဓားတောင် ပကဖမြိုင် ပကဖ တပ်ရင်း ၃ တပ်ခွဲ(၄)Jocker (ပြောက်ကျားတပ်ဖွဲ့)ကိုကမ္ဘာကျော် (ပကဖ)MRG (ပြောက်ကျားတပ်ဖွဲ့)RAF Drone Team တပ်ဖွဲ့ Ghost of Enemies-GOE Revolution Force အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – Black Fox Southern Shan Local Defense Force မှ ရဲဘော်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

Black Fox Southern Shan Local Defense Force မှ ရဲဘော်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article