25 C
Yangon

တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာတွင် တပ်စွဲထားသော စစ်ကြောင်းနှင့် ကင်းပုန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

Must read

တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာတွင် တပ်စွဲထားသော စစ်ကြောင်းနှင့် ကင်းပုန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ မေ ၃

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာတွင် တပ်စွဲထားသော စစ်ကြောင်းနှင့် ကင်းပုန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Myingyan District Drone Strike – အမှတ် (၁၈၄၈) ဒရုန်းတပ်ဖွဲ့ ထံ မှ သိရသည်။

ဧပြီလ ၂၈ ရက်နေ့ ညနေ ၅ နာရီ ၂၂ မိနစ်ခန့်တွင် ဇရပ်ကြီးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဧပြီလ ၃၀ ရက်နေ့တွင်လည်း ထပ်မံ၍ ဇရပ်ကြီးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်သားများကို ဒရုန်း ၅ စီးဖြင့် ဗုံးသီး ၁၁ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဒုတိယ အကြိမ် တိုက်ခိုက်မှု ဖြစ်စဉ်တွင် အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုများ ရှိမရှိကို စုံစမ်း စစ်ဆေးနေဆဲဖြစ်ပြီး ည ၂ နာရီ ဝန်းကျင်တွင် ရုံးစဉ်ကြီးရွာဘက်မှ နာရေး ကား ၂ စီးနှင့် အကြမ်းဖက် စစ်သားများကို လာရောက်သယ်ဆောင်သွားကြောင်း သိရသည်။

မေလ ၁ ရက်နေ့တွင် ဇရပ်ကြီးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများ ပြန်လည်ဆုတ်ခွာသွားပြီး တောင်သာမြို့နယ်ဘက်မှ ဇရပ်ကြီးရွာဘက်ကို စစ်ကူလာသည့် အကြမ်းဖက် စစ်တပ် ကင်းပုန်းများကို ၄၀ မမ ဖြင့် လိုက်လံ ပစ်ခတ်ခဲ့ရာ စစ်သားများ ပြန်လည် ဆုတ်ခွာသွားပြီး တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာရှိ ဘိုးဘွားရိပ်သာကို ပြန်လည် ဝင်ရောက်သွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၁၈၄၈) ဒရုန်းတပ်ဖွဲ့- MDDS နှင့်အတူ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် (၄)၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် (၈)၊ တောင်သာမြို့နယ် ပလဖ၊ နွားထိုးကြီးမြို့နယ် ပကဖ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article