25 C
Yangon

ရေဦးမြို့ပေါ်တွင် စစ်တပ်က ၅ ရက်ဆက်တိုက် ပေါ်တာဆွဲမှုကြောင့် ပြည်သူ ၅၀ ကျော် ဖမ်းဆီးခံထားရပြီး ကျေးရွာများအထိ စစ်ကြောင်းထိုး ပေါ်တာဆွဲနေ​

Must read

ရန်ကုန်၊ မေ ၃

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က စစ်သားသစ် စု ဆောင်းရန် ၅ ရက်ဆက်တိုက် လိုက်လံ ဖမ်းဆီးပေါ်တာဆွဲမှုကြောင့် ပြည်သူ ၅၀ ကျော် ဖမ်းဆီးခံထားရကြောင်း People’s Defense Comrade ပြန် ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၉ ရက်နေ့မှ စတင်ကာ အကြမ်းဖက် စစ်တပ်က ရေဦးမြို့ပေါ်ရှိ ရပ်ကွက်များကို ညအချိန်ဝင်ရောက် စီးနင်းပြီး အမျိုးသားများကို နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးကြောင်း၊ ပြည်သူများကို စစ်သားသစ်အဖြစ် စုဆောင်းရန်ဖမ်းဆီးနေခြင်းကြောင့် ယနေ့ မေလ ၃ ရက်နေ့ထိ ပြည်သူ အမျိုသား ၅၀ ကျော် ဖမ်းဆီးခံထားရကြောင်း သိရှိရသည်။

ဖမ်းဆီးခံရသော ပြည်သူများ ထားရှိသည့် ရေဦးမြို့ပေါ် အထက ၁ ကျောင်းကို မိသားစုဝင်များက ထမင်းဟင်း ပို့ခွင့် ရသော်လည်း စကားပြောခွင့် မပေးကြောင်း သိရှိရသည်။

“ရေဦးမြို့ပေါ် ရပ်ကွက်တိုင်းလိုလို စစ်မှုထမ်းဖို့ ဖမ်းဆီးထားတဲ့ ပြည်သူပေါင်း ၅၀ ကျော်ခန့်ကို မုံရွာနမခ စစ်မှုသင်တန်းကျောင်းကို ရဟတ်ယာဉ်နဲ့ ပို့ဖို့စီစဥ်နေတယ်။ မြို့ဝင် မြို့ထွက်ဂိတ်တွေကိုလည်း စစ်ခွေးတွေက လုံခြုံရေးတင်းကျပ်ထားတယ်။ ဒီရက်ပိုင်း ရတဟ်ယာဉ် ဆင်းနိုင်ခြေရှိတယ်။ မိသားစုဝင်တချို့က သူတို့သားသမီး ပြန်လွှတ်ပေးဖို့ ငွေသိန်း ၁၀၀ ပေးတာတောင် စစ်ခွေးတွေက လက်မခံဘူး။ ငွေမလိုဘူး လူပဲလိုတယ်ပြောကြောင်း သိရတယ်။ အခုရက်ပိုင်း မိသားစုဝင်တွေကို ထမင်းဟင်းပို့ဖို့ ခွင့်ပေးထားပေမယ့် စကား ပြောခွင့်မပေးကြောင်း သိရတယ်။ ညပိုင်းတွေမှာလည်း မြို့ပေါ်မှာ စစ်ခွေးကားတွေနဲ့ လုံခြုံရေး တိုးမြှင့်ကင်းပတ်တာတွေပြုလုပ်နေတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ပြောဆိုသည်။

ထို့ပြင် မေလ ၂ ရက်နေ့ ညပိုင်းတွင် ရေဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက သံသည်ရွာကို စစ်သားသစ်စုဆောင်းရန် ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးသဖြင့် ပေါ်တာဆွဲမရဘဲ စစ်ကြောင်း ပြန် လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က စစ်သားသစ် စုဆောင်းရန် လူအင်အား ၈၀ ခန့် လိုအပ်သည်ဟု ပြောဆိုပြီး လက်ရှိချိန်တွင် ပြည်သူ ၅၀ ဦးသာ ဖမ်းဆီးနိုင်သေးသည့် အတွက် ရေဦးမြို့ အနီးရှိ ကျေးရွာများကို ထပ်မံ စစ်ကြောင်းထိုး၍ ပေါ်တာဆွဲမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနေ့ညက ရေဦးမြို့ပေါ်က စစ်ခွေး ၃၀ လောက် သံသည်ရွာဘက်ကို ထွက်လာတာ ပြည်သူတွေကို အလစ်ငိုက် ဝင်ရောက်ပြီး ပေါ်တာဆွဲချင်ရုံ သက်သက်ထွက်လာတယ်လို့ ခန့်မှန်းရတယ်။ ရွာခံပြည်သူတွေ ထွက်ပြေးကြတော့ ခွေးတွေကရွာထဲ အထိမဝင်တော့ပဲ ရေဦးမြို့ဘက်ကို ပြန်ခေါက်သွားတယ်။ စစ်ခွေးတွေက ပေါ်တာ ဆွဲချင်လို့ ရွာအနီးအနားအထိ ကပ်လာတယ်လို့ပြောလို့ရတယ်။ ခွေးအင်အားကလည်း ၃၀ လောက်ပဲ အထုပ်အပိုးမပါဘဲ လက်နက်ငယ်တွေနဲ့ သံသည်ရွာ နားကပ်လာတာ စစ်မှုထမ်းဖို့ အင်အား ၇၀၊ ၈၀ လောက်ရမှ စစ်မှု သင်တန်းကျောင်းကို ပို့ဖို့လုပ်နေတယ်။ မြို့ပေါ်တခုတည်းမှာတင် အဖမ်းခံထားရတာဟာ ၅၀ နီးပါးလောက်ပဲရှိသေးတယ်။ အဲဒါကြောင့် နမခကို မပို့သေးဘဲ အခုလို မြို့နဲ့အနီးကပ်မှာရှိတဲ့ သံသည်ရွာအထိ ဝင်ဆွဲဖို့ထွက်လာတယ်လို့ ပြောလို့ရပါတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန် ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ပြောဆိုသည်။

လက်ရှိချိန်တွင် ရေဦးမြို့ အနီးအနားရှိ ကျေးရွာများမှ ပြည်သူများသည် စိုးရိမ်ထိတ်လန့်နေပြီး ထွက်ပြေးတိမ်းရှောင်နေကြသည့် လူငယ်များလည်းရှိကြောင်း သိရသည်။

ဓာတ်ပုံ – စစ်မှုထမ်းအပတ်စဉ် ၁ အတွက် စစ်တပ်က အတင်းအကျပ် စုဆောင်းထားသော လူငယ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်မှုထမ်းအပတ်စဉ် ၁ အတွက် စစ်တပ်က အတင်းအကျပ် စုဆောင်းထားသော လူငယ်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article