36 C
Yangon

သံတောင်ကြီး၊ တောင်ငူ -လိပ်သိုလမ်းပိုင်းတွင် စစ်တပ်စခန်း ၂ ခုကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

Must read

သံတောင်ကြီး၊ တောင်ငူ -လိပ်သိုလမ်းပိုင်းတွင် စစ်တပ်စခန်း ၂ ခုကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ မေ ၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ တောင်ငူ -လိပ်သိုလမ်းပိုင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်တပ်စခန်း ၂ ခုကို စနိုက်ပါဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီးများဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း သံတောင် PDF တပ်ဖွဲ့က ပြောဆိုသည်။

မေလ ၁ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ အချိန်ခန့် တောင်ငူ-လိပ်သို လမ်းပိုင်းတွင်ရှိသော ကျောက် လုံးကြီး စခန်းကို တောင်ငူခရိုင် တပ်မဟာ ၂ တပ် ရင်း ၅ လက်အောက်ခံ – People Defense Force Thandaung က စနိုက်ပါဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ကြောင်းသိရသည်။

ထို့ပြင် ဧပြီလ ၁၀ ရက်နေ့ ညနေ ၆ နာရီ ၂၃ မိနစ်တွင် တောင်ငူ လိပ်သို လမ်းပိုင်းရှိ ၇ မိုင် အကြမ်းဖက်စစ်တပ်စခန်းကို ၇၉ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုရှိပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အလားတူ ဧပြီလ ၈ ရက် ည ၈ နာရီခွဲနှင့် ည ၁၀ နာရီအချိန် တောင်ငူ – လိပ်သိုလမ်းပိုင်းရှိ ၇ မိုင် စခန်းကုန်းကို ၇၉ မမ လက်နက်ကြီးဖြင့် ၂ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article