30 C
Yangon

ရန်ကုန်၊ အောင်မင်္ဂလာအဝေးပြေးဝင်းနှင့် မျက်နှာချင်းဆိုင် စစ်ထောက် လှမ်းရေးဝင်းကို မိုင်းဖြင့် ဖောက်ခွဲမှု စစ်သားတချို့ဒဏ်ရာရနိုင်

Must read

ရန်ကုန်၊ အောင်မင်္ဂလာအဝေးပြေးဝင်းနှင့် မျက်နှာချင်းဆိုင် စစ်ထောက် လှမ်းရေးဝင်းကို မိုင်းဖြင့် ဖောက်ခွဲမှု စစ်သားတချို့ဒဏ်ရာရနိုင်

ရန်ကုန်၊ မေ ၄

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်းနှင့် မျက်နှာချင်းအကြမ်းဖက်စစ်ကောင်စီ၏ စစ်ထောက်လှမ်းရေးဝင်းမှ စစ်ဆေးရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ကင်းကျနေသော အကြမ်းဖက်စစ်သားတချို့ ဒဏ်ရာရရှိနိုင်ကြောင်း မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ယမန်နေ့ မေလ ၃ ရက်နေ့ ည ၇ နာရီ ၃၅ မိနစ်အချိန်ခန့် အောင်မင်္ဂလာအဝေးပြေးဝင်းနှင့် မျက်နှာချင်းဆိုင် စစ်ထောက်လှမ်းရေးဝင်း၏လုံခြုံရေးဂိတ်စခန်းတစ်ခုကို အားပြင်းသော မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းကွဲမှုကြောင့် ကင်း ကျနေသော အကြမ်းဖက်စစ်သားတချို့ ထိခိုက်ဒဏ်ရာနိုင်ပြီး စစ်တပ်က လမ်းပိတ်ဆို့ကာ စစ်ဆေးခဲ့ ကြောင်း သိရသည်။

“အောင်မင်္ဂလာအဝေးပြေးဝင်း မျက်နှာချင်းဆိုင် စရဖဝင်းက ခဏခဏ မိုင်းခွဲခံရလိုက်၊ ရှော့တိုက်ဒုံးအပစ်ခံရလိုက်၊ ဗုံးပစ်ခံလိုက်ရပဲ။ မနေ့ညကတော့ ဝင်းရဲ့ လုံခြုံရေး ဂိတ်နားမှာ ပေါက်ကွဲတယ်။ အုန်းသံနှစ်ချက် ။ မီးခိုးတွေတော့ အူထွက်သွားတာပဲ။ ဒဏ်ရာရ၊ မရတော့ သေချာမသိဘူး။ လူနာတင်ကား လာတာမျိုးတော့ မတွေ့မိဘူး။ စစ်တပ်က ခဏ လမ်းတွေပိတ်တယ်။ ဟိုစစ် ဒီစစ်လုပ်ပြီး နာရီဝက်လောက်အကြာမှာ လမ်းပြန်ဖွင့်တယ်” ဟု အောင်မင်္ဂလာအဝေးပြေးဝင်း ၊ အဝေးပြေးယာဉ်လိုင်းတစ်ခုမှ ယာဉ်မောင်းတစ်ဦးက မျက်မြင်ကြုံတွေ့ရသည့် အခြေအနေများကို ပြန်လည်ပြောဆိုသည်။

စစ်ထောက်လှမ်းရေးဝင်းကို တိုက်ခိုက်ရာတွင် ပြည်သူကာကွယ်ရေးအဖွဲ့ ၂ နှင့် Noka UG တို့ ပူးပေါင်း ကာ လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး မစ်ရှင်ဖော်ဆောင်ခဲ့သည့် မြို့ပြပြောက်ကျားရဲဘော်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ရန်ကုန်တွင် မြို့ပြစစ်ဆင်ရေးများကို အရှိန်မြှင့်လုပ်ဆောင် မည်ဖြစ်သော ကြောင့် မိဘပြည်သူများအနေဖြင့် စစ် သား၊ ရဲများနှင့် ဝေးဝေးရှောင်ရှားနေထိုင်သွားလာကြပါရန်နှင့် မိဘပြည်သူများ၏ ထောက်ပံ့မှုများ လိုအပ်လျက်ပြီး ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။

ဓာတ်ပုံ- ၂၀၂၄ ခုနှစ် ဧပြီလ ၆ရက်နေ့ ညပိုင်း အောင်မင်္ဂလာအဝေးပြေးဝင်းနှင့်မျက်နှာ ချင်းဆိုင် စစ်ထောက်လှမ်းရေးဝင်းကို ရှော့တိုက်ဒုံးဖြင့် အပစ်ခံရသဖြင့် ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်း စစ်ထောက်လှမ်းရေးဝင်းအရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်၍ စစ်ဆေးမှုများ လုပ်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article