31 C
Yangon

ပေါင်းတည်တွင် လူငယ်များကို စစ်သားအဖြစ် စုဆောင်းနေသူ နွားခြံကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဝင်းလှိုင် ပစ်ခတ်ခံရပြီး သေဆုံး

Must read

PDF ပစ်ခတ်၍ သေဆုံးခဲ့သော နွားခြံကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနေရာ လုပ်ချင်လွန်း၍ စစ်တပ်ထံမှ ခွင့်ပြုချက်ယူအုပ်ချုပ် ရေးမှူး လုပ်ခဲ့သူ ဝင်းလှိုင် ပစ်ခတ်မှုကြောင့် ပွဲချင်းပြီး သေဆုံးခဲ့

ရန်ကုန်၊ မေ ၆

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်းနေသူ နွားခြံကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဝင်းလှိုင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ၃၆၀၁ PPDF တပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါင်းတည်မြို့နယ်၊နွားခြံကုန်းအုပ်စု၊ ကုန်းသာရွာနေ အုပ်ချုပ်ရေးမူး ဝင်းလှိုင်ကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်(၃၆၀၁ PPDF)တပ်ရင်း တပ်ခွဲ ၅(တောဘုရင်)အဖွဲ့က သူ၏နေအိမ်သို့ သွားရောက်ပစ်ခတ်ရာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

နွားခြံကုန်းကျေးရွာ၏ ပထမ အုပ်ချုပ်ရေးမှူးသည် PDF များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း၊ ယင်းနောက် ဝင်းလှိုင်က မည်သူမှ အုပ်ချုပ်ရေးမှူး မလုပ်ရဲလျှင် ၎င်းကိုယ်တိုင် အုပ်ခှုပ်ရေးမှူး လုပ်လိုကြောင်း စစ်တပ်ကို သွားရောက် အသိပေး၍ အုပ်ချုပ်ရေးမှူး ရာထူးတာဝန်ရယူခဲ့ကြောင်း၊ အုပ် ချုပ်ရေးမှူဖြစ်လာသောအခါ လယ်ယာမြေကိစ္စများတွင် ပြည်သူများထံမှ အတင်းအဓမ္မ ငွေညှစ်ခြင်း၊ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များကို စစ်သားအဖြစ် ဖမ်းဆီးခြင်း၊ မျက်နှာမွဲ ဆင်းရဲနွမ်းပါးသော လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်းခြင်း၊ မိဘလုပ်ကျွေးနေသော လူငယ်များကို စစ်မှုထမ်းရန် အတွက်ဟုဆိုကာ ခေါ်ဆောင်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ပေါင်းတည်မြို့နယ် အတွင်း ကျန်ရှိနေသောအုပ်ချုပ်ရေးမှူးများအနေဖြင့် စစ်ကောင်စီအလိုကျ စစ်မှုထမ်းဥပဒေဖြင့် လူငယ်များ ကို တပ်သား သစ်စု ဆောင်းများ လုပ်ဆောင်မည်ဆိုပါက ဝင်းလှိုင်ဖြစ်စဉ်ကို နမူနာယူကြရန်နှင့် အမြန်ဆုံးနှုတ်ထွက်ကြပါရန် သတိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #အုပ်ချုပ်ရေးမှူး ဝင်းလှိုင် ပစ်ခတ်ခံရ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article