28 C
Yangon

ဆားလင်းကြီးနှင့် နွားထိုးကြီးမြို့နယ်တို့တွင် လုံခြုံရေးယူထားသော စစ်တပ်စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သား ၈ ဦး သေဆုံး

Must read

ရန်ကုန်၊ မေ ၆

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ ဘုံကိုးဆင့်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများ ခြင်းခတ်နေစဉ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Monywa Youth Attack Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

မေလ ၃ ရက်နေ့ ဆားလင်းကြီးမြို့၊ ဘုံကိုးဆင့်ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများ ခြင်းခတ်နေစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ လက်နက်ငယ်များဖြင့် အလစ် အငိုက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးနေရာမှာပင်ပွဲချင်းပြီးသေဆုံးပြီး ၅ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၁၇ ၊ မုံရွာခရိုင်တပ်ရင်း ၁၇ တပ်ခွဲ ၃ Monywa Youth Attack Force နှင့် Monywa Underground တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ အောင်ချမ်းသာရွာအနီး၌ တပ်စွဲထားသော အကြမ်း ဖက်စစ်သား များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF ထံမှ သိရသည်။

ယမန်နေ့ မေလ ၅ ရက် ညနေ ၄ နာရီခန့်က နွားထိုးကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာ၌ အင်အား ၂၅ ဦးခန့်ဖြင့် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defense Force မြင်းခြံခရိုင် အမှတ် -၄ တပ်ရင်း ရဲဘော် များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article