ရန်ကုန်၊ မေ ၆
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာ စာသင်ကျောင်း၌ တပ်စွဲထားသော အကြမ်း ဖက်စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား သေဆုံးပြီး PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း ၁ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မေလ ၂ ရက်နေ့ နံနက် ၆ နာရီ ၄၉ မိနစ်အချိန် ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာ စာသင် ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ညပိုင်းအထိ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်သား အများအပြားသေဆုံးကာ စက်လှေများဖြင့် သယ်ဆောင်သွားကြောင်း၊ သေဆုံးစစ်သား အရေအတွက်အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“စစ်ကူအင်အားနဲ့ ဆိုရင် ၇၀ လောက်ရှိမယ်၊ ပလောက်မြို့ဘက်နေ လာတာ။ လက်ရှိအချိန်အထိ ကျနော်တို့ဘက်က စခန်းမရသေးဘူး။ လေကြောင်းတော့မလာဘူး။ စစ်ခွေးတွေဘယ်လောက် သေတယ်ဆိုတာ အရေအတွက် အတိအကျတော့ မပြောတတ်ဘူး၊ ခွေးသေအလောင်းတွေကို လှေနဲ့ သယ်နေတာတွေ့တယ်လို့ ဒေသခံတွေကပြောတယ်။ လက်ဖက်ကျေးရွာကနေ တဆင့် ပလောက် ဒါမှမဟုတ် ပုလောဘက်ကို ရေလမ်းကနေ ပို့တာ၊ ကျနော်တို့ဘက်က ရဲဘော်တစ်ဦးက စခန်းကို တက်လုံးချိန် စနိုက်ပါ မှန်တာ၊ တစ်ဦးကတော့ ၄၀ မမထိပြီး ကျဆုံးရတာပါ” ဟု မြိတ်ခရိုင်တပ်ရင်း ၁ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်တော် (ပုလော) ၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း၊ နဂါးမဲမဟာမိတ်ပူးပေါင်း စစ်ကြောင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ၊ တပ်ရင်း ၇ တပ်ခွဲ ၅ နှင့် ပုလောဒေသကာကွယ်ရေးတပ် (PRDF)တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နဂါးမဲ မဟာမိတ်ပူးပေါင်းစစ်ကြောင်းမှ တပ်စုမှူးတစ်ဦးနှင့် ရဲဘော်တစ်ဦး ကျဆုံးခဲ့ကာ ရဲဘော် ၈ ဦး မစိုး ရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်အထိ ထမင်းမစားကျေးရွာအနီးတွင် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များနှင့် အကြမ်းဖက် စစ်ကောင်စီတပ်များကြား စစ်ရေးတင်းမာဆဲဖြစ်ပြီး မိဘပြည်သူများအနေဖြင့် ထားဝယ်-ပုလော ပြည်ထောင်စုလမ်းပိုင်းအားအသုံးပြု၍ ခရီးသွား လာခြင်း (လုံးဝ)မပြုလုပ်ရန် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – တနင်္သာရီတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar