31 C
Yangon

မြောက်ဒဂုံမြို့နယ် ၃၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲ တိုက်ခိုက်မှု အုပ်ချုပ်ရေးမှူး အပါအဝင် ပျူစောထီးများ ထိခိုက်မှုရှိ

Must read

မြောက်ဒဂုံမြို့နယ် ၃၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲ တိုက်ခိုက်မှု အုပ်ချုပ်ရေးမှူး အပါအဝင် ပျူစောထီးများ ထိခိုက်မှုရှိ

ရန်ကုန်၊ မေ ၆

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ အမှတ် ၃၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲ တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးမှူး အပါအဝင် ပျူစောထီးများ ထိခိုက်မှုရှိကြောင်း Together Urban Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယနေ့ မေလ ၆ ရက်နေ့ ညနေ ၄ နာရီ မိနစ် ၃၀ အချိန်ခန့်တွင် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ စုဝေးရာ မြောက်ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို Together Urban Force အဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးမှူး အပါအဝင် ပျူစောထီးများ ထိခိုက်မှုရှိသော်လည်း အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ရုံးထဲအထိ ဝင်ပြီး ၂ လုံးပစ်ခဲ့တာ၊ ပစ်ဖို့က အုပ်ကြီးရဲ့ မိန်းမနဲ့ကလေးတွေ အနားမှာ ကပ်နေလို့ နာရီ ပိုင်းလောက်စောင့်ခဲ့ရသေးတယ်။ ကျနော်တို့မှာ စစ်ရေးဘယ်လိုဖြစ်ဖြစ် လိုက်နာရမယ့် စည်းကမ်း တွေရှိတယ်လေ၊ သူတို့က ပျူတွေကို ပတ်ချာလည်ခေါ်ထားတာ၊ ပျူတွေအများကြီးဆိုတော့ ထိခိုက် မှုကတော့ ရှိတယ်။ လူတွေလွတ်ရင်တောင် မီးလောင်အောင် ဗုံးကို လုပ်ထားတာ။ မီးလောင်တာရော ထိဖို့ရောရှိနိုင်တယ်။ ကျနော်တို့က မိနစ်ပိုင်းတွက်ပြီးတာ၊ ဒါပေမယ့် ကျနော်တို့ထင်ထားတာထက် သူတို့က ပိုမြန်နေတယ်။ ကျနော်တို့မှာ ပစ္စည်းတွေ လိုအပ်ချက်ရှိနေပါတယ်” ဟု Together Urban Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Together Urban Force အဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြို့ပြပြောက်ကျား ရဲဘော်များ အထိအခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ရန်ကုန်မြို့ပြတွင် အာဏာသိမ်း စစ်ကောင်စီအနေဖြင့် လုံးဝအုပ်ချုပ်ခွင့်မရ ၊ စစ်ကောင်စီ၏ ဒေါက်တိုင်များကို ရိုက်ချိုးမည်ဟူသော ရည်ရွယ်ချက်နှင့်အညီ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း Together Urban Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောဆိုသည်။

ပြည်သူများနေဖြင့် စစ်ကောင်စီနှင့် ပတ်သတ်သော ဒေါက်တိုင်များ၊ လုပ်ငန်းဌာနများ ၊ စစ်ကောင်စီ အထိုင်ကင်းများ၊ လှည့်ကင်းများနှင့်ဝေးရာမှ ရှောင်ရှားသွားလာကြပါရန် မေတ္တာရပ်ခံ ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article