ဒီကနေ့ မေ ၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မန္တလေးတိုင်းက အကြမ်းဖက် စစ်ကောင်စီရဲ့ မိတ္တီလာ အခြေစိုက် အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ် ဒု/တပ်မမှူး ဗိုလ်မှူးကြီး ညီညီမောင် ဆိုသူကို လောင်းကစားမှုတွေ ကျားဖြန့်ကိစ္စတွေမှာ ပါဝင်ပက်သက်မှု တွေနဲ့ စစ်ကောင်စီက ဖမ်းဆီးလိုက်ပြန်တယ်လို့ စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အောင်ဇေယျ စစ်ကြောင်း ကိုလုံခြုံရေးယူပေးတဲ့အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို ၁၃ ရက်ကြာ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံးခဲ့တယ်လို့ KNDO တပ်ရင်း ၆ Drone တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
- ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်ရှိ KIA ရဲ့ အမာခံစစ်စခန်းကြီးဖြစ်ခဲ့တဲ့ ဂီဒုန်စခန်းကို ၈ နှစ်ကြာ လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် မနေ့က စစ်ကောင်စီဆီကနေ ပြန်လည် တိုက်ခိုက်သိမ်း ပိုက်ရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
