36 C
Yangon

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပခဲ့သည့် နွေဦးရုပ်ရှင်ပွဲတော်မှ တော်လှန်ရန်ပုံငွေ သိန်းထောင်ချီ ရရှိ

Must read

ရန်ကုန်၊ မေ ၇

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဒုတိယအကြိမ်မြောက် ကျင်းပခဲ့သော နွေဦးရုပ်ရှင်ပွဲတော်တွင် Artists’ Shelter က စီစဉ်သည့် “သတ္တိနဲ့ပွင့်လန်း ချစ်သောပန်းများ” ရုပ်ရှင်ဇာတ်လမ်းတို ၄ ကားတွဲကို ဧပြီလ ၂၉ ရက်နေ့က ပြသခဲ့ရာ ပရိသတ် ထောင်ချီတက်ရောက်ခဲ့ပြီး လေလံအောင်ကြေးများအပါအဝင် တော်လှန်ရေးရန်ပုံငွေ သိန်းထောင်ကျော်ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပွဲတွင် အတူတကွ (Together)၊ The Guilt ၊ ငါတို့မှာ ငါတို့ပဲ ရှိတယ်၊ The Unknown Infinity (အတိုင်းမသိ) ဇာတ်ကား လေးကားကို ပြသခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

နွေဦးရုပ်ရှင်ပွဲတော်တွင် ရုပ်ရှင်ဇာတ်ကားများ၏ ရုပ်ရှင်အမှတ်တရပစ္စည်းရောင်းချခြင်း၊ ချက်ချင်းရိုက် ချက်ချင်းယူ အမှတ်တရဓာတ်ပုံရိုက်ခြင်းများ၊ မဲရောင်းချခြင်း၊ ရုပ်ရှင်ချိန်အတွင်းအလှူငွေကောက်ခံခြင်း စသည်တို့အပါအဝင် တော်လှန် အနုပညာရှင်များလက်မှတ်ရေးထိုးထားသော အမှတ်တရပစ္စည်း ၂ ခုကိုလည်း လေလံဆွဲခဲ့ကြရာ The Unknown Infinity ဇာတ်ကားမှ ဖန်တီးသူများ လက်မှတ်ထိုးထားသော အိတ်မှာ ယန်း ၉ သောင်း (ကျပ်ငွေ ၂၂ သိန်းခန့်) ဖြင့်လည်းကောင်း၊တော်လှန်အနုပညာရှင် ၅ ဦးနှင့် ဒီဇိုင်နာ လက်မှတ်ပါဝင်သော ဟူဒီ အင်္ကျီမှာ ယန်း ၄ သိန်း ( ကျပ် သိန်း ၁၀၀ ခန့်) ဖြင့် အသီးသီး လေလံ ကြေးရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါဝင်ငွေရရှိမှုများကိုသက်ဆိုင်ရာ ရုပ်ရှင်ဖန်တီးထုတ်လုပ်သူများထံ ခွဲဝေပေးသွားမည်ဖြစ်ပြီး ထိုမှတဆင့် အာဏာရှင်ဆန့်ကျင်ရေးအတွက် မြေပြင်တွင်လိုအပ်နေသော တော်လှန်ရေးအဖွဲ့အစည်း၊ နေရာများသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article