25 C
Yangon

မြန်မာနိုင်ငံမှာ စစ်ကောင်စီကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည် ၃ သန်းကျော်အထိရှိလာ

Must read

ရန်ကုန်၊ မေ ၇

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည် ၃ သန်းကျော်ရှိလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်ဘေးကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာတဲ့ ဒုက္ခသည် အရေအတွက် ၃ သန်းကျော်ဖြစ်လာတယ်လို့ UNOCHA က မေလ ၅ ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။

နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒုက္ခသည် အရေအတွက် ၆ လကျော်ကာလ အတွင်း ၅၀ ရာခိုင်နှုန်းမြင့်တက်လာတာဖြစ်ပြီး ဆိုးရွားလှတဲ့ မှတ်တိုင်တစ်ရပ်ဖြစ်တယ်လို့ UN ရဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၃ သန်းအနက်က ၂ ဒသမ ၇ သန်းကျော်က ဆိုး ရွားလှတဲ့ စစ်ပွဲ နဲ့ ပဋိပက္ခတွေ ကြားမှာ ထွက်ပြေးတိမ်းရှောင်နေရသူတွေဖြစ်ပြီး အဲ့ဒီအရေအတွက် သုံးပုံတစ်ပုံ ဟာ ကလေးငယ်တွေဖြစ်တယ်လို့ UN ရဲ့ ထုတ်ပြန်ချက်ကဆိုပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်းတို့ မှာအိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ လူဦးရေ ၁ ဒသမ ၅ သန်းနီးပါးရှိတယ်လို့ UNOCHA က ဆိုပါတယ်။

ကရင်နီပြည်နယ် ၊ ပဲခူး၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ်နဲ့ တနင်္သာ ၏ရီတိုင်း တို့မှာ တော့ လူဦးရေ ၉၀၀,၀၀၀ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြပါတယ်။

ရခိုင်ပြည်နယ်မှာတော့ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ လူဦးရေ ၃၅၆,၀၀၀ ထိရှိနေပါတယ်။
၂၀၂၃ ခုနှစ်အောက်တိုဘာလနောက်ပိုင်း စစ်ကောင်စီက လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုတွေ ပိုမို လုပ်လာတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင် အရေအတွက် ဟာ လျှင်လျှင်မြန်မြန် မြင့်တက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ မှာ လူပေါင်း ၁၈ ဒသမ ၆ သန်းနီးပါး အကျပ်အတည်းတွေ အကြားမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ – မတ်လ ၂၇ ရက်နေ့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသတ်ကျေးရွာကို စစ်တပ်က မီးတင်ရှို့ ဖျက်ဆီးနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မတ်လ ၂၇ ရက်နေ့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသတ်ကျေးရွာကို စစ်တပ်က မီးတင်ရှို့ ဖျက်ဆီးနေစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article