36 C
Yangon

သံတွဲမြို့ အပါအဝင် AA ဝင်ရောက်လာနိုင်သော ဝင်ပေါက်များအားလုံးတွင် စစ်ကောင်စီက စီမံချက်ဖြင့် မြေမြုပ်မိုင်းများ ရာချီထောင်နေ

Must read

ရန်ကုန်၊ မေ ၇

ရခိုင်ပြည်နယ်၊ သံတွဲမြို့ အပါအဝင် AA ဝင်ရောက်လာနိုင်သော ဝင်ပေါက်များအားလုံးတွင် စစ်ကောင်စီက စီမံချက်ဖြင့် မြေမြုပ်မိုင်းများ ရာချီထောင်နေကြောင်း သံတွဲအခြေစိုက်ရဲနှင့်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“သံတွဲမြို့ အပါအဝင် ဝင်ပေါက်၊ AA တပ်တွေ ဝင်လာနိုင်တဲ့ တောပိုင်းတွေထဲအထိ မြေမြုပ်မိုင်းတွေ ရာနဲ့ချီပြီး ထောင်နေပါတယ်။ နေ့တိုင်း စီမံချက်နဲ့ ထောင်နေတာ။ မိုင်းအရေအတွက်​ နေ့စဉ် ရာချီပြီးတော့ကို မိုင်းတွေ ထောင်လည်း ထောင်နေတယ်။ ဥပမာ-သံတွဲမှာ ရဲ​တွေအားလုံး တစ်​နေ့ကို မိုင်းအလုံး ၃၀၀ ​ထောင်​နေတယ်။ အများပြည်သူတွေအတွက်လည်း အင်မတန် သတိထားရပါ့မယ်” ဟု သံတွဲအခြေစိုက် ရဲနှင့်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် ၁၈ မိုင်ခန့်အကွာ အုန်းမော်တောင် အနီးတဝိုက်အထိ အကြမ်းဖက် စစ်တပ်နှင့် ရခိုင်တပ်တော်တို့ တိုက်ပွဲများ ကျယ်ပြန့်လာကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၄ ရက်နေ့ သံတွဲမြို့နှင့် ၁၈ မိုင်ခန့်ဝေးသော အုန်းမော်တောင်ပေါ် ၌ နေရာယူထားသော ရခိုင်တပ်တော်နှင့် ကျောင်းကုန်းရွာဟောင်း၊ လင်းသီရွာဦး နေရာတို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်တို့ အကြား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရှိရသည်။

လတ်တလော စစ်တပ်က သံတွဲမြို့နယ်တစ်ဝန်းတွင် ဒေသနေပြည်သူများကို အကာအကွယ်ယူကာ ခုခံတိုက်ခိုက်နေခြင်း ဖြစ်ပြီး ရခိုင်တပ်တော် အနေဖြင့် အုန်းမော်တောင်ပေါ်၌ အပေါ်စီးမှ နေရာယူထားခြင်းကြောင့် အကြမ်းဖက် စစ်တပ်က ထိရောက် စွာ တိုက်ခိုက်နိုင်ခြင်းမရှိကြောင်း၊ တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီက သံတွဲမြို့နယ်၊ အုန်းမော်တောင်ပေါ် ပတ်ဝန်းကျင်ကို လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကောင်စီတပ်က အသုံးပြုလေ့ရှိသည့် မြေမြုပ်မိုင်းများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီတပ်က အသုံးပြုလေ့ရှိသည့် မြေမြုပ်မိုင်းများ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article