36 C
Yangon

သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာတွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ထွက်ပြေး တိမ်းရှောင်နေသော ပြည်သူများ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေ

Must read

ရန်ကုန်၊ မေ ၇

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာတွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေကာ ထွက်ပြေး တိမ်းရှောင်နေသော ပြည်သူများ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၅ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာ ဘုရားတောင်၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်နေခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲကြောင့် ပဲဒက်ကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာမှ ပြည်သူများသည် တောတောင်များအတွင်း ၃ ရက်ဆက် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါများ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

“မနေ့က လေယာဉ်နဲ့ ၄ ကြိမ် လာကျဲတယ်။ ဒီနေ့တော့ အခြေအနေ စောင့်ကြည့်နေတုန်းပဲ လေယာဉ်ဝဲနေတယ်လို့တော့ သိရတယ်။ ပြည်သူတွေကတော့ တောတောင်တွေထဲမှာပဲ ထွက်ပြေးတိမ်းရှောင်နေရတယ်။ ကလေးတွေလည်း နေမကောင်းဘူး။ ဆေးဝါးလည်းမရှိ စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်။ အရမ်းဒုက္ခရောက်နေကျတယ် စစ်ရှောင်ပြည်သူတွေ တောထဲမှာ နေမကောင်း စားမကောင်းဖြစ်ပြီး ရွာထဲလည်း မပြန်ရဲကျဘူး” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article