32 C
Yangon

စစ်ကိုင်း၊ မန္တလေး အပါအဝင် နိုင်ငံအလယ်ပိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်များ အောင်ပွဲရရှိရေး NUG နှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ အာရုံစိုက်ပေးရန် ဒီးမော့ဆို PDF က တိုက်တွန်း

Must read

ရန်ကုန်၊ မေ ၇

စစ်ကိုင်း၊ မန္တလေး အပါအဝင် နိုင်ငံအလယ်ပိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်များ အောင်ပွဲရရှိရေး NUG နှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ အာရုံစိုက်ပေးရန် ဒီးမော့ဆို PDF က တိုက်တွန်းအကြံပြုထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း စသော နိုင်ငံ တော်၏အလယ်ပိုင်းမှ ပြည်သူ့ ကာကွယ်ရေးတပ်များ၏ ခုခံတော်လှန်ရေးမှ အောင်ပွဲရရှိရေးသည် များစွာ တော်လှန်ရေးကို အပြောင်းအလဲ ဖြစ်စေနိုင်သောကြောင့် သက်ဆိုင်ရာ NUG အစိုးရနှင့် ဝါရင့် EROS များက ပိုမို အာရုံ စိုက်ပေးရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ဒီးမော့ဆို၏ တပ်ထူထောင်ခြင်း ၃ နှစ်ပြည့် ကြေညာချက်တွင် အကြံပြုထားခြင်းဖြစ်သည်။

အကြမ်းဖက်စစ်အာဏာရှင် တော်လှန်ရေးဖြင့် တိုက်ပွဲဝင်နေကြသော်လည်း အချို့သော တိုင်းနှင့် ပြည်နယ်များသည် လှုပ်ရှားရာနယ်မြေနှင့် စစ်ဗျူဟာအရ ရင်ဆိုင်တိုက်ပွဲ ဖော်ဆောင်ခြင်းထက် ရှောင်တခင်ဝင်ရောက် ဖေါက်ခွဲ၊ တိုက်ခိုက်ခြင်းသာ လုပ်ဆောင်နိုင်ကြောင်း ထောက်ပြထားသည်။

စစ်ကိုင်းတိုင်း၊ မန္တလေး တိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း စသော နိုင်ငံ တော်၏အလယ်ပိုင်းမှ ပြည်သူ့ ကာကွယ်ရေးတပ်များ ၏ စစ်ရေး၊ တိုက်ခိုက်ရေး၊ လက်နက်ခဲယမ်းနှင့် လူအင်အားများသည် စစ်အာဏာရှင်ကို ခုခံတော်လှန်အောင်နိုင်ရေးတွင် များစွာ အပြောင်းအလဲ ဖြစ် စေနိုင်သောကြောင့် သက်ဆိုင်ရာ NUG အစိုးရနှင့် ဝါရင့် EROS များမှ ပိုမို၍ အာရုံစိုက်နိုင်ပါရန် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – ဒီးမော့ဆိုက ပြောဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ဒီးမော့ဆို အနေဖြင့် အကြမ်းဖက်စစ်ကောင်စီအား လက်လုပ် သေ နတ်များ၊ ယမ်းထောင်းသေနတ်များနှင့် အနည်းငယ်သော မောင်းပြန်သေနတ်အချို့နှင့်သာဖြင့် ရရာလက်နက်ဖြင့် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့ရကြောင်း၊ တပ်ဖွဲ့စတည်ထောင်သည့်နေ့မှစတင်ပြီး တိုက် ပွဲ ပေါင်းများစွာကို အခက်အခဲပေါင်းများစွာ၊ ပေးဆပ်မှုပေါင်းများစွာဖြင့် ရင်ဆိုင်ခဲ့ရကြောင်း သိရှိရသည်။

ရက်တို စစ်သင်တန်းဖြင့် ကြီးမားသောရန်သူ ကိုတိုက်ပွဲပေါင်းများစွာ တိုက်ပွဲ ဝင်ခဲ့ရပြီး အချိန်ကြာလာသည်နှင့်အမျှ စစ်ရေး၊ တိုက်ခိုက်ရေး စွမ်းရည်များစွာ တွေ့ကြုံရရှိခဲ့ကြောင်း၊ ၃ နှစ် တာကာလအတွင်း ပြည်တွင်းပြည်ပရှိ မိဘပြည်သူများ၏ ထောက်ခံမှု၊ ထောက်ပံ့ကူညီလှူဒါန်းမှု၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ထောက်ပံ့မှု နှင့်အတူ အကြမ်းဖက် အာဏာရှင်ထံမှ သိမ်းယူ ရရှိသော လက်နက်ခဲယမ်းများဖြင့် စစ်ပွဲဖော်ဆောင်ခြင်း၊ ပူးပေါင်းတိုက်ပွဲ ဝင်ခြင်း၊ စစ်ကူဖြင့် တိုက်ပွဲ ဝင်ခြင်းများကို စစ်ပွဲပေါင်းရာချီဖြင့် ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ဒီးမော့ဆို အနေဖြင့် (၁) စစ်အာဏာရှင်စနစ် ပပျောက်ချုပ်ငြိမ်းရေး (၂) ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး (၃) ပြည်သူလူထုမှ ရွေးကောက် တင် မြောက်သည့် အစိုးရပေါ်ထွန်းရေး။(၄) တန်းတူအခွင့်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးနှင့်အတူ ယခင်မှ ဆန္ဒပြတောင်းဆိုသည့် “ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး”၊ “ဖက်ဒရယ်ဒီမိုကရေစီရရှိရေး” ဆိုသည့်အတိုင်း မည်သည့်ကာလတွင်မဆို ပြည်သူ့အုပ်ချုပ်ရေးတွင် ဝင်ရောက်စွက်ဖက် နေရာယူ မည် မဟုတ်ဘဲ ပြည်သူကိုယ်တိုင် ဖော်ဆောင်သည့် အုပ်ချုပ်ရေးကို တတ်နိုင်သည့်ဖက်မှ ဝန်းရံအကြံ ပြုခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း စသည်များကိုသာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article