32 C
Yangon

ဝက်လက်ရှိ မီးသတ်ရုံးနှင့် တာဝါတိုင်စောင့် စစ်တပ်ကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု စစ်သား ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၇

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ မီးသတ်ရုံးနှင့် တာဝါတိုင်စောင့် စစ်တပ်ကို ဒရုန်း၊ လက်နက်ကြီး များဖြင့် ပစ်ခတ်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေ ဆုံးခဲ့ကြောင်း ရတနာပုံ တပ်ဦး (မန္တလေးခရိုင် ပ.က.ဖ)မှ တာဝန်ခံ ကိုကီရီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ မေလ ၆ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန် ဝက်လက်မြို့နယ်ရှိ မီးသတ်ရုံးနှင့် တာဝါတိုင် စောင့် စစ်တပ် အထိုင် စခန်းမှ အကြမ်းဖက် စစ်သားများကို ရတနာပုံတပ်ဦးနှင့် မဟာမိတ်တပ်ပေါင်းစုက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် မြေပြင်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း၊ ထိုသို့ဗျူဟာကျကျ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး အများ အပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မဟာမိတ်တွေပေါင်းပြီးဆော်တာ။ ဒရုန်းက ၆ စီးကျော်မယ်။ လက်နက်ကြီးရော ထုတယ်။ လက် နက်ကြီးနဲ့ ဒရုန်းတွဲဆော်ကြာတာ။ ခွေးတွေဘက်က များများ ပြန်မပစ်နိုင်ဘူး။ ကျနော်တို့ ဘက်က ဆက်တိုက်ထုတာ။ အနီးကပ်ဝိုင်းထုကြတာဆိုတော့ ထိတဲ့ခွေးတွေ ဒိုင်နာကားနဲ့ သယ်တာ ထိပါ မြင် ရတယ်။ ဒရုန်းတစ်စီးက Jammer မိပြီး ပျက်ကျခဲ့တာ၊ မဟာမိတ်တပ်ဖွဲ့က ဒရုန်းတစ်စီး ပျက်ကျတာ” ဟု ရတနာပုံ တပ်ဦး (မန္တလေးခရိုင် ပ.က.ဖ)မှ တာဝန်ခံ ကိုကီရီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို ရတနာပုံတပ်ဦး၊ ပြည်သူ့ဘက်တော်သားပြောက် ကျားတပ်ဖွဲ့၊ 7 PDF၊ ဗိုလ်လှိုင်ဘွားပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်ရေကြက် နှင့် ဗိုလ်ရဲရင့်အောင်တပ်ဖွဲ့၊ ဗိုလ်စိုးကြီးတပ်ဖွဲ့၊ ကြောင်လက်သည်း တပ်ရင်း ၁၅ ၊ တောင်သူ လယ်သမားတပ်ပေါင်းစုနှင့် မဟာမိတ်ညီနောင်များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Fixed Wings Drone တစ်စီးဆုံးရှုံးကာ ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article