32 C
Yangon

လောင်းလုံးမြို့နယ်တွင် စစ်တပ်က လစာ နှင့် လက်နက် တပ်ဆင်ပေးထားသော ပျူစောထီး မောင်အေး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ မေ ၇

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လစာ နှင့် လက်နက် တပ်ဆင်ပေးထားသော ပျူစောထီး မောင်အေးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင်‌ လောင်းလုံးမြို့နယ်၊ တောရှည်ရွာ လောင်းကစားဝိုင်း၌ ပျူစောထီး မောင်အေး အကောက်ကောက်နေစဉ် လောင်းလုံး ပကဖ ရွှေသောင်ယံတပ်စု က ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး မောင်အေးသည် လောင်းလုံးမြို့နယ်အတွင်း စစ်ရေးတင်းမာနေချိန် ခလရ ၁ဝ၄ တပ်ရင်း အတွင်းသွားရောက်နေထိုင် လေ့ရှိပြီး စစ်တပ်မှ ၎င်းကို လစာ တစ်လ ၁ သိန်းခွဲ ထောက်ပံ့ပေးထားကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က လက်နက်ပါ ထုတ်ပေးထားပြီး M16 A1 ၁ လက်နှင့် ပစ္စတို ၁ လက်ကိုင်ဆောင်ထားသူ ဖြစ်ကြောင်း သိရှိရသည်။

သို့သော် PDF တပ်ဖွဲ့များ ဝင်ရောက် ပစ်ခတ်စဉ်အတွင်း ပျူစောထီး မောင်အေးထံမှ ခရမ်းသီး ၁ လုံး အပါအဝင် လက်ပစ်ဗုံး ၁ လုံး၊ ဘောလုံးမီးပန်းများ ၊ မီးခြစ်၊ ဆေးဝါးတချို့နှင့် ဖန်ဂေါ်လီများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပျူစောထီး မောင်အေးသည် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးလာသည့်အခါ၌ လမ်းပြအဖြစ် ပါဝင်လေ့ရှိပြီး နယ်မြေအတွင်း သတင်းအချက် အလက်များ ရှာဖွေ စုဆောင်းကာ အကြမ်းဖက် စစ်တပ်ထံ ပေးပို့နေသူ ဖြစ်ကြောင်း၊ ထို့ပြင် ပြည်သူများကိုလည်း အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ ကျေးရွားအတွင်း လောင်းကစားဝိုင်း ပြုလုပ်ကာ အကောက်ကောက်ခံပြီး စစ်တပ်ထံ ဆက်ကြေး ထောက်ပံ့နေသူဖြစ်ကြောင်း သိရှိရသည်။

“ပျူစောထီး မောင်အေးကို ၁၀၄ တပ်ရင်းအနီး တောရှည်ရွာမှာ လောင်းကစားဝိုင်း ပြုလုပ်နေတုန်း ဝင်ရောက် ပစ်ခတ်တာပါ။ သူက ၁၀၄ တပ်ရင်းထဲမှာ စစ်သင်တန်း တက်တာတော့ လုပ်ဆောင်နေတယ်” လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article