32 C
Yangon

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ဧပြီလအတွင်း တော်လှန်ရေးအင်အားစုတချို့နှင့် ချင်းမိုင်တွင် တွေ့ဆုံခဲ့ဟုဆို

Must read

ရန်ကုန်၊ မေ ၇

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ဧပြီလအတွင်း တော်လှန်ရေးအင်အားစုတချို့နှင့် ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် တွေ့ဆုံခဲ့ကြောင်း ထိုင်းThai Enquirerက သတင်းဖော်ပြသည်။

ဧပြီလ ၁၃ ရက်နေ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့်အဖွဲ့က ကရင်အမျိုးသားအစည်း အရုံးKNU ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ကချင် KNO ၊ ရှမ်းRCSS နှင့် NUG မှ ကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တွေ့ဆုံခဲ့ကြောင်း သတင်းများက ဆိုသည်။ သို့ရာတွင် တော်လှန်ရေးအင်အားစုများနှင့် NUG ဘက်က ထိုင်းဝန်ကြီးချုပ်ဟောင်းနှင့်တွေ့ဆုံမှု ရှိ၊ မရှိကို တရားဝင် အတည်ပြု ထုတ်ပြန်ထားခြင်းမရှိပေ။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ်Maris Sangiampongsa က ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်အနေဖြင့် မြန်မာတော်လှန်ရေးအင်အားစုများနှင့် ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံဆွေးနွေးနိုင်သည့်အခွင့်အရေးရှိကြောင်း ၊ အဆိုပါ ဆွေးနွေးမှုသည် ထိုင်းအစိုးရနှင့်ပတ်သက်မှု မရှိကြောင်း ထိုင်းသတင်းမီဒီယာထံသို့ အတည်ပြုပြောဆိုထားသည်။

မြန်မာ့အကျပ်အတည်း ဖြေရှင်းရေး တော် လှန်ရေးအင်အားစုတချို့နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တွေ့ဆုံသည်ဆိုသော သတင်းများထွက်ပေါ်လာချိန်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ်က ထိုကဲ့သို့ မှတ်ချက်ပြုပြောဆိုခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article