31 C
Yangon

မင်းတပ်အခြေစိုက် ခလရ ၂၇၄ တပ်ရင်းမှ တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ပြီး ငွေကျပ်သိန်း ၅၀ ဆုချီးမြှင့်

Must read

ရန်ကုန်၊ မေ ၈

ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ၂၇၄ တပ်ရင်းအတွင်းမှ တပ် ကြပ်တစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း CDF – Mindat ထံမှ သိရသည်။

မေလ ၅ ရက်နေ့ ကျောက်ထုမြို့ အခြေစိုက် အမြောက်တပ် အမှတ် ၃၆၈ တပ်ရင်းမှ တပ်ကြပ် ဝင်လေးသည် မင်းတပ်မြို့ရှိ ခလရ ၂၇၄ တပ်ရင်းအတွင်း တာဝန်ကျနေစဉ် CDF-Mindat ထံသို့ ဆက် သွယ်ပြီး ၎င်းကိုင်ဆောင်သော MA 3 သေနတ် ၁ လက်၊ ကျည်အိမ် ၃ ခု၊ ကျည်ဆံ ၂၅၆ တောင့် နှင့် အတူ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ လက်နက်ခဲယမ်းများနှင့်အတူ လင်းဝင်ရောက်ခဲ့သည့် တပ်ကြပ်အား ဆုငွေ ကျပ်သိန်း ၅၀ ချီး မြှင့်ပေးခဲ့ကြောင်း CDF Mindat က ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article