29 C
Yangon

ရွှေကျင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်၊ ဆီဆိုင်မြို့နယ်၊ ထီဗွာရွာမှ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၉ ဦးကို စစ်တပ်က လူသားဒိုင်း အဖြစ် ဖမ်းဆီးထား

Must read

ရန်ကုန်၊ မေ ၈

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း KNU ဗဟို က ထုတ်ပြန်ထားပါသည်။

ဧပြီလ ၂၂ ရက်နေ့မှစ၍ ဧပြီလ ၂၇ ရက်နေ့ အထိ ရွှေကျင် မှ သံဆိပ် ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကဇင်းပင်ကျေးရွာမှ အသက် ၄၅ နှစ်အရွယ် ငမန်း နှင့် အင်္ဂနီကျေးရွာမှ အသက် ၃၈ နှစ်အရွယ် စည်သူဖြိုး တို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

မေလ ၁ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်၏ သံဆိပ်စခန်းမှ လက်နက်ကြီး၊ ဒရုန်းများဖြင့် သံဆိပ်မင်းလမ်း၊ ကျောက်ကြီးချောင်းနံဘေးနေ ပြည်သူများကို ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၅၆ နှစ် အရွယ် ဒေါ်နုနုရီ ၊ အသက် ၃၈ နှစ် အရွယ် ဒေါ်မိုးစန္ဒာ နှင့် အသက် ၆၄ နှစ် အရွယ် ဦးထွန်းဝေ တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ ထီဗွာရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်က ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၉ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) က ထုတ်ပြန်ထားသည်။

မေလ ၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ထီဗွာကျေးရွာကို စစ်ကြောင်းထိုးလာစဉ် ကြောက်ရွံ့သောကြောင့် စစ်ဘေးတိမ်းရှောင်ရန် ပြင်ဆင်နေသည့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၉ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြည်သူ ၉ ဦးကို အကြမ်းဖက် စစ်တပ်က လက်ရှိအချိန်ထိ ဖမ်းဆီးထားပြီး ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း၊ ဖမ်းဆီးခံရသော ပြည်သူ ၉ ဦးမှာ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၄ ဦးဖြစ်ပြီး ကျေးရွာအတွင်း ပစ္စည်းပြန်သယ်သည့် ထီဗွာကျေးရွာသား ၁ ဦးမှာလည်း စစ်ဘေးရှောင်ရာနေရာကို ပြန်လည်ရောက်ရှိလာခြင်း မရှိသေးဘဲ ပျောက်ဆုံးနေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ရွှေကျင်မြို့နယ် #လူသားဒိုင်းအဖြစ်ဖမ်းဆီး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article